News

POST TYPE

ALSO IN NEWS

ကြိုးတန်းပေါ်မှာ ၈ နာရီကျော်ထိုင်ပြပြီး ဆွစ်ဇာလန်မှာ စံချိန် ချိုးသတဲ့
09-Dec-2018


ဂရင်းနစ်စံချိန်သစ် တင်ဖို့အတွက်ဆိုပြီးတော့ ကြိုးတန်းပေါ် စွန့်စားခန်းလုပ်သူတစ်ဦးဟာ ၈ နာရီကြာ ထိုင်ခုံနဲ့ ထိုင်ပြခဲ့ပါတယ်။ သူဟာ ဂရင်းနစ်စံချိန်ကို ချိုးဖို့အတွက် အဆိုပါ အန္တရာယ်များလှတဲ့ လုပ်ရပ်ကို ဆွစ်ဇာလန်နိုင်ငံ အီဘီကွန်ဆူပါမားကက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကြိုးတန်းပေါ်မှာ အကြာဆုံးခန္ဓာကိုယ်ကို ထိန်းထားနိုင်သူအဖြစ် ဖရက်ဒီနော့ခ်ကို သတ်မှတ်လိုက်ပြီလို့ ဂရင်းနစ်အဖွဲ့က အတည်ပြုထားပါတယ်။ သူ့ရဲ့စံချိန်ကတော့ ကြိုးတန်းပေါ်မှာ ၈ နာရီ ၃၀ မိနစ်နဲ့​၅၅ စက္ကန့်ကြာအောင် ထိုင်နိုင်တာပဲ ဖြစ်ပါတယ်။ ၉၈ ပေရှည်တဲ့ ကြိုးတစ်လျှောက်မှာ သူဟာ အစားအသောက်စားပြခြင်း၊ ခုန်နဲ့လျှောပြီး သွားပြခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ စံချိန်ချိုးဖို့ပြုလုပ်တဲ့ လှုပ်ရှားမှုဟာ ဆူပါမားကက်ကြီးရဲ့ တစ်နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေပါသေးတယ်။ 

F-02