News

POST TYPE

ALSO IN NEWS

မုတ်ဆိတ်ထားပြီး ကြည့်ကောင်းနေတဲ့ ခွေးကလေး
10-Sep-2018


မုတ်ဆိတ်ပုံစံ ပြင်ဆင်ထားတဲ့ဟန်နဲ့ ခွေးကလေးပုံက အလွန်ကို သဘာဝကျနေပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့မှာနေထိုင်တဲ့ အသက် ၂ နှစ်အရွယ် ခွေးကလေးနက်စ်ဟာ ဘယ်သွားသွား လူစိတ်ဝင်စားမှုကို ခံရပါတယ်။ ကလေးတွေက သူ့ကိုသိပ်ချစ်ကြတယ်။ ခွေးက ရယ်စရာကြီးဆိုပြီး အော်ကြတယ်။ အဘိုးနဲ့တူတယ်လို့လည်း ပြောကြတယ်လို့ ခွေးပိုင်ရှင် တာတီရာနာကိုဗာလီနော့ခ်က ပြောပါတယ်။ ခုခေတ်မှာ အမျိုးသားတွေ မုတ်ဆိတ်ထားတာ ခေတ်စားနေလို့ နက်စ်ရဲ့ စတိုင်က အလွန်ကိုခေတ်မီတယ်လို့ ခွေးရှင်ကဆိုပါတယ်။ တချို့ကလည်း နက်စ်ဟာ Star Wars ထဲက ဇာတ်ကောင်နဲ့တူတယ်လို့ ပြောပါတယ်။ ခွေးကလေးရဲ့အမျိုးဟာ မျက်နှာမှာပေါက်တဲ့ အမွေးပေါက်ပုံ ထူးခြားတာကြောင့် ကျော်ကြားတယ်လို့ ကိုဗာလီနော့ခ်က ဆိုပါတယ်။

F-02