News

POST TYPE

ALSO IN NEWS

ရောမခေတ် ရှားပါးရွှေဒင်္ဂါးတွေ အီတလီပြဇာတ်ရုံဟောင်းမှာတွေ့
09-Sep-2018

အီတလီနိုင်ငံမြောက်ပိုင်း ကိုမိုမြို့က ရှေးဟောင်းပြဇာတ်ရုံ ပရိဝုဏ်ထဲမှာ ရှေးဟောင်းရောမရွှေဒင်္ဂါးပြား ရာပေါင်းများစွာတွေ့ရှိရကြောင်း အီတလီယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ၅ ရာစုနှစ် ရောမအင်ပါယာ အဆုံးသတ်ပိုင်းက ဒင်္ဂါးပြားတွေလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ နိုဗွန်ကိုမွန် ရှေးဟောင်းမြို့ ကရက်ဆိုနီပြဇာတ်ရုံကြီးမှာ တွေ့ရတဲ့ ကျောက်သားအိုးအတွင်းက အဆိုပါရွှေဒင်္ဂါးတွေကို တွေ့ရှိရခြင်းဖြစ်သည်။ အဆိုပါရွှေသားများသည် ယူရိုငွေ သန်းပေါင်းများစွာတန်ကြောင်း အီတလီမီဒီယာများက ဖော်ပြထားသည်။

“ရရှိပစ္စည်းတွေရဲ့ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားမှုတွေကို ကျွန်တော်တို့ မသိရသေးပါဘူး။ ဒါပေမဲ့ ဒီဧရိယာဟာ ရှေးဟောင်းသုတေသနအတွက် ရတနာတစ်ပါးဖြစ်ပါတယ်”လို့ ယဉ်ကျေးမှုဝန်ကြီး အယ်ဘာတို ဘိုနီဆိုလီက ပြောကြားပါတယ်။

ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံတွေအဖြစ် အသုံးပြုဖူးတဲ့ အဆိုပါရှေးဟောင်း ဇာတ်ရုံကြီးဟာ ဇိမ်ခံနေအိမ်ကြီး ဆောက်ဖို့အတွက် ဖြိုချခံရဖို့ ရှိနေပါတယ်။

F-02