News

POST TYPE

ALSO IN NEWS

အင်းဆက်ပြတိုက်ကနေ ဒေါ်လာလေးသောင်းကျော်ဖိုး အကောင်ဗလောင်တွေ အခိုးခံရ
06-Sep-2018

အမေရိကန်ပြည်ထောင်စု ဖီလာဒယ်ဖီးယားမြို့ အင်းဆက်ပြတိုက်ကနေ အမေရိကန်ဒေါ်လာ လေးသောင်းဖိုးရှိ အင်းဆက်တွေ၊ ပုတ်သင်ညိုတွေ အခိုးခံခဲ့ရပါသတဲ့။ ပြသထားတဲ့ အင်းဆက်အကောင်တွေ ခုနှစ်ထောင်ကျော် ပျောက်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ သူခိုးဟာ ပြတိုက်ရဲ့အတွင်းလူပဲဖြစ်ရလိမ့်မယ်လို့ ဖီလာဒယ်ဖီးယားရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ အလွန်အဆိပ်ပြင်းတဲ့ မျက်လုံးခြောက်လုံး သဲပင့်ကူလို ရှားပါးသတ္တဝါတွေပါ ပါသွားတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့က အခိုးခံရတာဖြစ်တယ်လို့ CCTV မှတ်တမ်းတွေကိုကြည့်ပြီး အာဏာပိုင်တွေက ဆိုထားပါတယ်။ ဖမ်းဆီးအရေးယူတဲ့သတင်း မထွက်သေးပေမယ့် ပြတိုက်အမှုဆောင် ဒေါက်တာဂျွန်ကမ်းဘရစ်ချ်ကတော့ လူငယ်လေးတွေလုပ်တာမို့ ခွင့်လွှတ်ပေးပါ့မယ်လို့ ပြောထားပါတယ်။

F-02