News

POST TYPE

ALSO IN NEWS

အသက် ၉၅ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး ရေငုပ်သမား
05-Sep-2018


ရေးဝူလီဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်ရေတပ်မှာ ရေဒီယိုအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ တော်ဝင်ရေတပ်နဲ့ အထူးတပ်ဖွဲ့​ အထူးတိုက်ရေယာဉ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တပ်ကထွက်ပြီးနောက်ပိုင်း နောက်ထပ် ၅၈ နှစ်ကြာအောင် ရေငုပ်သမားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခုအခါ သူနေထိုင်လျက်ရှိတဲ့ ဆိုက်ပရပ်စ်ကမ်းခြေက ရေအနက် ၁၃၃ ပေအောက်မှာ ၄၄ မိနစ်ကြာအောင် ရေငုပ်ခဲ့တာဖြစ်ပါတယ်။ သက်ရှည်ကျန်းမာခြင်းဟာ သူ့ရဲ့ တက်ကြွတဲ့ဘဝနေနည်းကြောင့်ဖြစ်ပြီး သူဟာ ရေအောက် သင်္ဘောပျက်ကို စူးစမ်းရတာကို ဝါသနာထုံပါတယ်။

“တစ်ယောက်ယောက်ဟာ ထိုင်မနေဘဲ တစ်ခုခုလုပ်ဆောင်နေတာကို ကျွန်တော်သိပ်ပြီးအားကျနှစ်သက်ပါတယ်”လို့ သူက စံချိန်ချိုးပြီးနောက် ပြောကြားခဲ့ပါတယ်။

F-02