News

POST TYPE

ALSO IN NEWS

ဒိုင်ယာနာမင်းသမီးရဲ့ ဝိညာဉ်နဲ့ အင်တာဗျူးထားတယ်ဆိုတဲ့ ဂျပန်က အကြားအမြင်ဆရာ
03-Sep-2018


ဂျပန်က အကြားအမြင် ဆရာတစ်ဦးဟာ လွင့်မျောနေတဲ့  ဒိုင်ယာနာ မင်းသမီးဝိညာဉ်ကို ဆက်သွယ်စကားစမြည် ပြောထားတယ်လို့ဆိုပါတယ်။ ဝေလမင်းသမီးဒိုင်ယာနာ ပြင်သစ်မှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၂၀ အကြာမှာ အဆိုပါ ဂျပန်အကြားအမြင်ဆရာ ရူဟိုအိုကာဝါက ဝိညာဉ်နဲ့ အင်တာဗျူး ထားတယ်ဆိုတဲ့စာသားတွေကို ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။ ရူဟိုအိုကာဝါဟာ ဂျပန်မှာ နာမည်ကြီးတဲ့ အကြားအမြင်ဆရာဖြစ်ပြီး ပျော်ရွှင်ခြင်းသိပ္ပံလှုပ်ရှားမှု ဆိုတဲ့အဖွဲ့ကိုလည်း ထူထောင်ထားတာ ဖြစ်ပါတယ်။ မင်းသမီးဒိုင်ယာနာရဲ့ ဝိညာဉ်နဲ့ စကားပြောခြင်းဆိုတဲ့ စာအုပ်ကိုလည်း ထုတ်ဝေခဲ့ပြီး ယခုအခါ အဆိုပါစာသားတွေကို Amazon မှာ ရောင်းနေပါပြီ။ အကြားအမြင်ဆရာဟာ ဒိုင်ယာနာမင်းသမီးကို ပင့်ဖိတ်ခဲ့ပြီး ကောင်းသောနေလယ်ခင်းပါလို့ နှုတ်ဆက်ပြောကြားခြင်းနဲ့ စဖွင့်ထားပါသတဲ့။ ဒိုင်ယာနာမင်းသမီးကို ကမ္ဘာတစ်ဝန်းက ချစ်ခင်ကြပြီး သူကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်ကို ထူးကဲစွာ ဆောင်ရွက်ခဲ့ကြပြီး ဂျပန်က အင်တာဗျူးကတော့ ပိုပြီးထူးကဲပါတယ်။

F-02