News

POST TYPE

ALSO IN NEWS

၇ ရာစု မာယာဘုရင် မျက်နှာဖုံး တူးဖော်တွေ့ရှိ


၇ ရာစုက အုပ်စိုးခဲ့တဲ့ မာယာအင်ပါယာကြီးရဲ့ဘုရင် အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ရှေးဟောင်းမျက်နှာဖုံးတစ်ခုကို မက္ကဆီကိုတောင်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံ ချီရာပတ်စ်ပြည်နယ် ရှေးဟောင်းမြို့ ပလန်ကေးမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကိုသမိုင်းသုတေသန အမျိုးသားအင်စတီကျုက အဆိုပါတန်ဖိုးကြီး ရှေးဟောင်းပစ္စည်းရရှိတဲ့ သတင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Pakal the Great လို့ အမည်ရတဲ့ မာယာအုပ်စိုးသူရဲ့ အသုံးအဆောင်ဖြစ်ရမယ်လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ပြောကြားပါတယ်။ အဆိုပါမျက်နှာဖုံးဟာ အလှဆင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ပညာရှင်များက ပြောကြားပါတယ်။ တွေ့ရှိရာနေရာမှာ အခြားရှေးဟောင်းအနုပညာလက်ရာတွေလည်း ရှာဖွေတွေ့ခဲ့တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။  

F-02