News

POST TYPE

ALSO IN NEWS

ဟင်းအနှစ်တွေထဲက နပန်းပွဲ ဗြိတိန်မှာ ကျင်းပ
28-Aug-2018


ပျော်စရာအနေနဲ့ ကျင်းပကြတဲ့ အားကစားပွဲတွေထဲမှာ ဗြိတိန်က ဟင်းအနှစ်အိုးထဲ နပန်းချရတဲ့ ကစားနည်းလည်း တစ်ခုပါဝင်ပါတယ်။ ဗြိတိန်မှာကျင်းပတဲ့ ကမ္ဘာ့ဟင်းအနှစ်ထဲ နပန်းချရတဲ့ပြိုင်ပွဲကို ပြိုင်ပွဲဝင်သူတွေဟာ ဟင်းအနှစ်တွေ ဖြည့်ထားတဲ့ကန်ထဲမှာ နပန်းပွဲနွှဲရတာ ဖြစ်ပါတယ်။

အင်္ဂလန်ဒေသ လန်ကတ်ရှိုင်းယားပြည်နယ် စတက်စတိက Rose 'n Bowl ဆိုတဲ့ စားသောက်ဆိုင်မှာ အဆိုပါပွဲကို ကျင်းပတာဖြစ်ပါတယ်။

ဟင်းအနှစ်တွေပါတဲ့ ကန်ထဲမှာ အမျိုးသားပွဲစဉ်များ၊ အမျိုးသမီးပွဲစဉ်များ ပြုလုပ်တာကို ဗီဒီယိုမှတ်တမ်းတွေ တင်ထားခဲ့ပါသတဲ့။

ပြိုင်ပွဲဝင်ဟာ အဆိုပါဟင်းအနှစ်ကန် ကြိုးဝိုင်းထဲကိုဆင်းပြီး နပန်းသတ်ရတာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေဟာ အရောင်စုံဝတ်စုံ ဒီဇိုင်းမျိုးစုံကို ဖန်တီးဝတ်ဆင်ကြပြီးတော့ ဒေါ်နယ်ထရမ့်ပုံစံအတိုင်း ဆင်မြန်းလာတဲ့  ပုံတူသမားတောင် ပါဝင်သွားပါသတဲ့။

F-02