News

POST TYPE

ALSO IN NEWS

အိမ်မွေးတိရစ္ဆာန်အသစ် တစ်ကောင်မွေးရင် ခွင့်တစ်ပတ်ပေးတဲ့ အမေရိကန်ကုမ္ပဏီ
23-Aug-2018
အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ် မီနီယာပိုလစ်စ်မြို့က ဈေးကွက်မြှင့်တင်ရေးကုမ္ပဏီတစ်ခုဟာ အလုပ်သမားတွေကို ထူးခြားတဲ့ ခွင့်ယူခြင်း ခံစားခွင့်ပေးခဲ့ပါတယ်။ ဒါကတော့ သားသမီးမွေးတဲ့မိဘများ ခွင့်ရက်ခံစားရနိုင်သလို အိမ်မွေးတိရစ္ဆာန်မွေးတဲ့ဝန်ထမ်းတွေ အကောင်လေးတွေကို အိမ်ကိုရောက်ရောက်လာချင်း ခွင့်တစ်ပတ်ရပါသတဲ့။ အသားကျအောင် ပြုစုဆောင်ရွက်ပေးရာမှာ အချိန်ယူရတာမို့ ခွင့်တစ်ပတ်ပေးတာဖြစ်ပါသတဲ့။ အမေရိကရှိ ကုမ္ပဏီကြီးတွေဟာ ဝန်ထမ်းမြဲဖို့အတွက် ခံစားခွင့်တွေဖန်တီးပြီး ဆွဲဆောင်တာမျိုးတွေရှိပါတယ်။ အချို့ကော်ပိုရေးရှင်းကြီးတွေမှာ အကောင်းစားနေ့လည်စာ၊ အားကစားခန်းမ စတာတွေကို ဖန်တီးပေးထားပါတယ်။ ဒါပေမဲ့ ခွေးကလေး၊ ကြောင်ကလေးတွေကို အချိန်ပေးဖို့အတွက် ခွင့်ရက်ဖန်တီးပေးတာတော့ မရှိသေးပါဘူး။

F-02