News

POST TYPE

ALSO IN NEWS

သတို့သမီးအရံ မင်္ဂလာပွဲမတက်နိုင်လို့ အွန်လိုင်းစက်ရုပ်နဲ့ မင်္ဂလာပွဲတက်
22-Aug-2018

မင်္ဂလာပွဲတက်မယ့် သတို့သမီးအရံတစ်ဦးဟာ မင်္ဂလာပွဲကို မသွားနိုင်တော့တာမို့ ကိုယ်စား စက်ရုပ်လွှတ်ခဲ့ပါတယ်။ သတို့သမီးကိုဝန်းရံရမယ့် သတို့သမီးအရံ အဲလိဇဘတ်ဒူဘောင်းဟာ ကိုယ်ဝန်ရှိနေပြီး မင်္ဂလာပွဲမတိုင်ခင် မီးဖွားရတာမို့ ပွဲကိုမတက်နိုင်ပါဘူး။ မိတ်ဆွေတစ်ဦးရဲ့ အကူအညီပေးချက်နဲ့အတူ ရွေ့လျားစက်ရုပ်ကို ဖန်တီးခဲ့ပြီး စက်ရုပ်မှာ iPad ကို တပ်ပြီး အွန်လိုင်းကနေ မင်္ဂလာပွဲကို တက်ခဲ့ပါတယ်။ စက်ရုပ်ကိုတော့ ရီမုဒ်ကွန်ထရိုးနဲ့ရွေ့စေပြီး သူမရဲ့မျက်နှာက iPad မှာပေါ်နေတာမို့ ကိုယ်တိုင်ပွဲတက်သလိုပါပဲ။ စက်ရုပ်ကိုအလုပ် ဖြစ် မဖြစ် အရင်စမ်းကြည့်ပြီးတော့ မင်္ဂလာပွဲကို လာစေတာဖြစ်ပါတယ်။ စက်ရုပ်ရဲ၊ စက်ရုပ်ဘုန်းကြီး အစရှိသဖြင့် ခေတ်စားနေတဲ့ကမ္ဘာမှာ ယခုလည်း စက်ရုပ်သတို့သမီးအရံ ပေါ်လာတာဖြစ်ပါတယ်။

F-02