News

POST TYPE

ALSO IN NEWS

ဘာလင်က အမြန်ဆုံးခွေး
21-Aug-2018

ခွေးလောကရဲ့ အူစိန်ဘော့လို့ ချစ်စနိုးနာမည်ပေးခံထားရတဲ့ ခွေးကလေးတစ်ကောင်ဟာ မီတာငါးဆယ်ကို ခြောက်စက္ကန့်အတွင်း ပြေးပြပြီးတော့ သူ့မျိုးစိတ်မှာ အမြန်ဆုံး အပြေးသမားဘွဲ့ကို ရရှိသွားခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ် အမ်မာဟာ ဂျာမနီရဲ့ နှစ်စဉ်ကျင်းပတဲ့ ခွေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး သုံးကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ပါတယ်။ အမ်မာဟာ ၆ စက္ကန့်နဲ့ မီတာငါးဆယ် အပြေးပြိုင်လမ်းကြောင်းကို ဖြတ်ကျော်ကာ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။ ခွေးအပြေးပြိုင်ပွဲကို ဘာလင်မြို့မှာ ပုံမှန်ပြုလုပ်ကြတာဖြစ်ပြီး ခွေးအမျိုးအစားအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ မီတာငါးဆယ် ပြေးလမ်းကို နောက်ဆုံးကနေ ပန်းဝင်သွားတဲ့ ခွေးကလေးကတော့ စက္ကန့် ၄၀ ကြာမြင့်ပါတယ်။ ခွေးကလေးကို ချစ်စနိုးနဲ့ အူစိန်ဘော့ဆိုတဲ့  နာမည်ပေးထားတယ်လို့ အမ်မာရဲ့ပိုင်ရှင်က ပြောကြားပါတယ်။ အူစိန်ဘော့ဟာ ကမ္ဘာ့အမြန်ဆုံး ဂျမေကန် အပြေးသမား ဖြစ်ပါတယ်။

F-02