News

POST TYPE

ALSO IN NEWS

ညနေငါးနာရီနောက်ပိုင်း ၁၄ နှစ်အောက်ကလေး မဝင်ရ စားသောက်ဆိုင်
20-Aug-2018

ဂျာမနီက စားသောက်ဆိုင်တစ်ခုဟာ ညနေငါးနာရီနောက်ပိုင်း အသက် ၁၄ နှစ်အောက် ကလေးတွေကို ဝင်ခွင့်မပြုပါဘူးတဲ့။ ဒီလိုပိတ်ပင်ရခြင်းမှာ လူကြီးတွေ အစားအသောက်ကို အေးအေးသက်သာ စားစေချင်လို့ပဲဖြစ်ပါသတဲ့။ ညနေပိုင်း လူကြီးတွေ အေးအေးဆေးဆေး စားသောက်ချိန်မှာ ကလေးတွေ အော်ကြီးဟစ်ကျယ် ဖြစ်နေတာကို ကာကွယ်ထားတာလို့ Oma'sKuche လို့အမည်ရတဲ့ စားသောက်ဆိုင်က ထုတ်ပြန်ထားပါတယ်။ မိဘတွေက မထိန်းနိုင်လို့ ကလေးတွေ သောင်းကျန်းတာကို ရပ်တန့်အောင်လုပ်ရမယ်လို့ ပိုင်ရှင်ဖြစ်သူ ရူဒေါ့ဖ်မာကယ်က ပြောကြားပါတယ်။ စားသောက်ဆိုင်က တည်ခင်းထားမှုများကိုလည်း ပျက်စီးထိခိုက်အောင် ကလေးတွေက လုပ်တတ်ကြတယ်လို့ ဆိုပါတယ်။ အစားအသောက်တွေ မှောက်ကျတာ၊ စားပွဲခင်းတွေ ပြဲကုန်တာတွေဟာ ကလေးတွေလက်ချက်လို့ ပိုင်ရှင်က ပြောကြားပါတယ်။

F-02