News

POST TYPE

ALSO IN NEWS

အရီဇိုးနားဆေးရုံမှာ သူနာပြုဆရာမ ၁၆ ဦးတစ်ပြိုင်နက် ကိုယ်ဝန်ရှိ
19-Aug-2018

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်စွန်က ဆေးရုံတစ်ရုံမှာ ကလေးမွေးပွဲကြီးတော့ ဖြစ်ပါလိမ့်ဦးမယ်။ လူနာပြုစုစောင့်ရှောက်ပေးတဲ့ သူနာပြုဆရာမ ၁၆ ဦးတောင် ကိုယ်ဝန်ရှိနေလို့ဖြစ်ပါတယ်။ သူနာပြုဆရာမ အားလုံးဟာ လာမယ့် အောက်တိုဘာလကနေ ဇန်နဝါရီလကြား အားလုံး မွေးကြမှာဖြစ်ပါတယ်။ သူတို့သောက်တဲ့ရေထဲမှာများ တစ်ခုခုပါနေလား မသိပါဘူးဆိုပြီး သူနာပြုဆရာမတစ်ဦးက နောက်နေပါသေးတယ်။ သူနာပြုဆရာမ ၁၆ ယောက်လုံးဟာ မီးဖွားခွင့် ၁၂ ပတ်ယူကြမှာမို့ ဆေးရုံကြပ်မတ်ကုသဆောင်မှာ သူနာပြု အလုံအလောက်ရှိရေးအတွက် ဆေးရုံအာဏာပိုင်တွေက စီစဉ်နေရပါတယ်။ ၁၆ ယောက် သိပ်မကွာဘဲ ကိုယ်လေးလက်ဝန်ဖြစ်တဲ့ကိစ္စက ဖြစ်တောင့်ဖြစ်ခဲမို့ ဆေးရုံကလည်း သူနာပြုဆရာမ အရန်အင်အားကို ကြိုတင်စီစဉ်ထားခဲ့ပုံ မပေါ်ပါဘူးတဲ့။

F-02