News

POST TYPE

ALSO IN NEWS

ကမ္ဘာ့အကြီးဆုံး စစ်တုရင် အရုပ်
18-Aug-2018

အမေရိကန်ပြည်ထောင်စု မစ်ဇရီပြည်နယ်တွင် စစ်တုရင်ကလပ်တစ်ခု၏ရှေ့တွင် ကမ္ဘာ့အကြီးဆုံး စစ်တုရင်ရုပ်တစ်ခုကို ထောင်ထားပြီး စံချိန်တင်လိုက်ပါသတဲ့။

စစ်တုရင်ဘုရင်ရုပ်ဟာ ပေ ၂၀ အမြင့်ရှိတဲ့ သစ်သားရုပ်ကြီးဖြစ်ပါတယ်။ စိန့်လူးဝစ်စစ်တုရင်ကလပ်ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဆိုပါအရုပ်ကြီးကို ထောင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ တုန်းက ကမ္ဘာ့စံချိန်တင်ထားတဲ့ အကြီးဆုံးအရုပ်က ၁၄ ပေမြင့်ခဲ့ပြီး ယခုပေ ၂၀ မြင့်တဲ့ အရုပ်က ပိုပြီးတော့ ကြီးမားတာမို့ စံချိန်တင်သွားတာဖြစ်ပါတယ်။

မဟော်ဂနီသားနဲ့ ဖန်တီးထားတာဖြစ်ပြီး မြို့ရဲ့ ကမ္ဘာ့စစ်တုရင်အကျော် အမော်များပြသခန်းရှေ့မှာ ထောင်ထားတာပဲဖြစ်ပါတယ်။

အမေရိကန်စစ်တုရင်လောကကို စိန့်လူးဝစ်ဒေသရဲ့ ပါဝင်ဆောင်ရွက်ကာ အကျိုးပြုမှုများရဲ့ သင်္ကေတဖြစ်တယ်လို့ အဆိုပါပြခန်းရဲ့ ဈေးကွက်ဆက်ဆံရေး အရာရှိ ဘရိုင်ယန်ဖလားဝါးစ်က ပြောကြားပါတယ်။

F-02