News

POST TYPE

ALSO IN NEWS

ခေါင်မိုးပေါ်ကနေ ကရိန်းနဲ့ချရတဲ့ နွားကြီး
16-Aug-2018

ပါကစ္စတန်နိုင်ငံ လူဦးရေ အများဆုံးမြို့ ကရာချိမှာ ခေါင်မိုးပေါ်မှာ ရောက်နေတဲ့ ဧရာမနွားကြီးကို ကရိန်းဝန်ချီစက်နဲ့ အောက်ကိုချရာမှာ လူအုပ်ကြီးက ဝိုင်းဝန်းကြည့်ရှုခဲ့ကြပါတယ်။ မွတ်ဆလင်အစ်ပွဲတော်မတိုင်ခင် ပူဇော်ပို့အတွက် အဆိုပါနွားကြီးကို တိုက်အောက်ကိုချတာဖြစ်ပါတယ်။ အစ်ပွဲတော်မတိုင်ခင်မှာ ငွေကြေးတတ်နိုင်သူတွေဟာ ပူဇော်အသားဝေခြမ်းရာမှာ သုံးဖို့အတွက် တိရစ္ဆာန်တွေ ဝယ်ယူရပါတယ်။ အသက် ၅၅ နှစ်အရွယ် ဆေယက်အီဂျက်ဇ်အာမက်ကတော့ အိမ်ခေါင်မိုးပေါ်မှာ နွားပေါက်စလေးတွေ ကြိုမွေးထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက မွေးခဲ့ရာမှာ နွားကြီးတွေဟာ အကြီးကြီးတွေ ဖြစ်နေတော့ လှေကားနဲ့ မဆံ့တော့တာမို့ ကရိန်းနဲ့ချရခြင်း ဖြစ်လာတာပါ။ အစ္စလာမ် အစဉ်အလာအရ အသား အစ်ပွဲတော်မှာ ဆိတ်၊ သိုး၊ နွားစတဲ့ တိရစ္ဆာန်တွေကိုသတ်ပြီး ဆွေမျိုးတွေနဲ့ နွမ်းပါးဆင်းရဲသူတွေကို အသားဝေတဲ့ ထုံးတမ်းရှိပါတယ်။

F-02