News

POST TYPE

ALSO IN NEWS

၆ နှစ်သမီးက မိခင်ရဲ့ Amazon account ထဲဝင်ပြီး အရုပ် ဘယ်လောက်ဝယ်လိုက်သလဲ
16-Aug-2018

အမေရိကန်ပြည်ထောင်စု အူတာပြည်နယ်က ၆ နှစ်သမီးလေးဟာ မိခင်ဖြစ်သူရဲ့ Amazon ဈေးဝယ် Account ထဲ အင်တာနက်ကနေ ဝင်တတ်နေခဲ့ပါတယ်။ တစ်ရက်တော့ အဆိုပါ Account ထဲဝင်ပြီး ဒေါ်လာ ၃၅၀ ဖိုး မြန်မာငွေ ကျပ်ငါးသိန်းဖိုးလောက် အရုပ်တွေ ဝယ်ချလိုက်ပါတယ်။ ဒီတော့ အိမ်ကို အရုပ်တွေ အများကြီး ရောက်ချလာတာပေါ့။ အဆိုပါအရုပ်များကို ကလေးဆေးရုံကိုလှူဖို့အတွက် သူ့အမေက ဆုံးဖြတ်ခဲ့ပါတယ်။ အိမ်ရှေ့ရောက်လာတဲ့ အရုပ်ဘူးအထပ်လိုက်ရှေ့မှာ မတ်တတ်ရပ်နေတဲ့ ကိတ်လင်းဆိုတဲ့ ကောင်မလေးရဲ့ဓာတ်ပုံကို Twitter ပေါ်တင်လိုက် ရာမှာ လူအများ ဝင်ကြည့်ပြီး မှတ်ချက်တွေပေးနေကြပါတယ်။ ကလေးရဲ့မွေးနေ့အတွက် ဘာဘီရုပ်တစ်ရုပ် ဝယ်ပေးဖို့အတွက် မိခင်က သူ့ရဲ့ Amazon စာမျက်နှာကို အသုံးပြုခွင့် ပြသခဲ့ဖူးပါတယ်။

F-02