News

POST TYPE

ALSO IN NEWS

ဩစတြေးလျက KFC ဆိုင်ကို မြင်းတွေနဲ့ ဝင်လာတဲ့ ဖောက်သည်တွေ
15-Aug-2018

ဩစတြေးလျနိုင်ငံက KFC ကြက်ကြော်ဆိုင်တစ်ဆိုင်ကို လူနှစ်ဦးက ထူးခြားတဲ့ယာဉ်တွေနဲ့ ဝင်လာပါတယ်။ သူတို့ရဲ့ စီးတော်ယာဉ်က တကယ့်မြင်းတွေပါ။ ဧည့်သည်တစ်ဦးက ဗီဒီယိုရိုက်ပြီးတော့ အင်တာနက်ပေါ် တင်လိုက်တာကြောင့် လူစိတ်ဝင်စားမှု များနေပါတယ်။ ကွင်းစ်လန်ပြည်နယ် မောင့်အီဆာမြို့က KFC ဆိုင် အရောင်းကောင်တာကို အဲဒီကောင်းဘွိုင်တွေက ဝင်လာတာဖြစ်ပါတယ်။ “မိုက်လှချည်လား၊ တယ်နိပ်တာပဲ”လို့ ဗီဒီယိုရိုက်ကူးသူက ရယ်ပြီးပြောနေပါတယ်။ လမ်းမပေါ်  အလှပြ စီတန်းချီတက်ပွဲမှာပါဝင်တဲ့ မြင်းစီးသမားတွေက ကြက်ကြော်လာဝယ်စားကြတာ ဖြစ်ပါတယ်။ မြင်းတွေကိုထားခဲ့ဖို့လည်း နေရာမရှိတော့ ဆိုင်ထဲကိုမြင်းစီးပြီး ဝင်လာကြပုံပေါ်ပါတယ်။

F-02