News

POST TYPE

ALSO IN NEWS

အမေနေ့ အထိမ်းအမှတ်ပွဲကို မိခင်မဲ့သားနှစ်ယောက်ရဲ့အဖေ ဘယ်လိုလာတက်သလဲ
14-Aug-2018

ထိုင်းနိုင်ငံ ချနာဘူရိပြည်နယ်က ကျောင်းတစ်ကျောင်းမှာ အမေနေ့ အထိမ်းအမှတ်ပွဲတစ်ခု ပြုလုပ်ရာမှာ အမေမရှိတဲ့ ညီအစ်ကိုနှစ်ယောက်အတွက်တော့ ကျောင်းကို အမေခေါ်လို့မရဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဖေဖြစ်သူ ချက်ချိုင်ဆမ်ပါနုထိုင်းဟာ ပန်းရောင်ဂါဝန်ကြီးဝတ်လို့ သားနှစ်ယောက်ရဲ့ကျောင်းကို ရောက်လာခဲ့ပါတယ်။ အသက် ၃ နှစ်အရွယ် အင်ဆန်နဲ့ အသက် ၅ နှစ်အရွယ် အိုဇုန်းတို့ရဲ့ကျောင်းကို ဖေဖေဖြစ်သူက အမျိုးသမီးတစ်ယောက်အသွင် မိခင်အဖြစ်လိုက်ခဲ့တာ ဖြစ်ပါတယ်။ သားနှစ်ယောက်အတွက် စဉ်းစားပေးတဲ့ဖခင်ဖြစ်သူရဲ့ ဝတ်စားဆင်ယင်လာပုံကို ဓာတ်ပုံဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်မီဒီယာပေါ် တင်ခဲ့တာမို့ လူသိများလာပါတယ်။ အဆိုပါဗီဒီယိုကို ကြည့်ရှုသူ ၆ သန်းလောက်အထိရှိပါတယ်။ ဖခင်မေတ္တာအကြောင်းကို ဝိုင်းဝန်းချီးကျူးကြသူတွေလည်း အများကြီးရှိပါတယ်။ ကောင်လေးနှစ်ယောက်ရဲ့မိခင်ဟာ ဖခင်ဖြစ်သူ ချက်ချိုင်ဆမ်ပါနုထိုင်းနဲ့ ကွဲသွားပြီးတော့ ယခုဥရောပမှာ နေထိုင်လျက်ရှိပါတယ်။

F-02