News

POST TYPE

ALSO IN NEWS

Pokemon Go ဂိမ်း ကြိုက်တဲ့ ဘဘကြီး စက်ဘီးမှာ စမတ်ဖုန်း ၁၁ လုံးတပ်ဆင်
13-Aug-2018

ထိုင်ဝမ်က အသက် ၆၉ နှစ်အရွယ် ဘဘကြီးတစ်ဦးဟာ စက်ဘီးပေါ်မှာ စမတ်ဖုန်း ၁၁ လုံးတပ်ပြီး လျှောက်သွားနေလို့ ဒေသခံတွေအကြား နာမည်ကြီးနေပါတယ်။ သူက Pokemon Go ဂိမ်းကို ကစားရတာ အင်မတန်မှ နှစ်သက်သူဖြစ်ပါတယ်။ အန်ကယ်ပိုကီမွန်းလို့လည်း အမည်ရတဲ့ မစ္စတာချန်ဆန်ယွမ်ဟာ တိုင်ပေမြို့ရဲ့ အဓိကနေရာတွေကို လျှောက်သွားပြီး ဂိမ်းကစားနေတာဖြစ်ပါတယ်။ ညဆိုလည်း အပြင်ထွက်ကစားနေတတ်ပြီး မနက်လေးနာရီလောက်အထိ ပိုကီမွန်တွေ လိုက်ဖမ်းရင်း တစ်ခါတလေ လမ်းပေါ်မှာ ရှိတတ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက မြေးဖြစ်သူက သင်ပေးလိုက်လို့ ပိုကီမွန်ကစားတတ်သွားတဲ့ ဘဘကြီးက ဆက်ကစားနေတာ ဖြစ်ပါတယ်။ တစ်လ တစ်လကို ဂိမ်းဆော့လို့ ပိုက်ဆံဒေါ်လာ ၁၃၀၀ လောက်ကုန်ပေမယ့် သူကဆက်ပြီး ကစားနေတုန်းပါပဲတဲ့။

F-02