News

POST TYPE

ALSO IN NEWS

တောင်ခြင်္သေ့ကြီး အိမ်ထဲဝင်ပြီး အိမ်မွေးကြောင်ကိုသတ်
12-Aug-2018
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်က နေအိမ်တစ်အိမ်ထဲကို တောင်ခြင်္သေ့တစ်ကောင် ဝင်လာပြီး နေအိမ်ရှိအိမ်မွေးကြောင်ကို သတ်သွားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အိမ်ကို ရဲတွေနဲ့ သားရိုင်းဌာနဝန်ထမ်းတွေ ရောက်လာပြီး ခြောက်လွှတ်လိုက်မှ တောင်ခြင်္သေ့ပြန်ထွက်သွားပါတယ်။ ဒါပေမဲ့ အိမ်ကကြောင်ကလေးကတော့ သေသွားခဲ့ပါပြီ။ ဖြစ်စဉ်ကဒီလိုပါ။ အိမ်ရှင်ဟာ အိမ်ကို ကြာသပတေးနေ့ညက ပြန်ရောက်လာချိန် အိမ်ထဲမှာ တောင်ခြင်္သေ့ရောက်နေတာ ဖြစ်ပါတယ်။ တောင်ခြင်္သေ့ဟာ အိမ်ထဲကိုဖောက်ဝင်လာပြီးမှ ပြန်မထွက်တတ်တော့တာဖြစ်ပါတယ်။ တောင်ခြင်္သေ့ဟာ ၂ ထပ်အိမ်ထဲမှာ ဟိုဒီလျှောက်သွားနေတာဖြစ်ပြီး ရဲတွေက သူ့ကိုခြောက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒေသအတွင်းက အိမ်များကိုလည်း အောက်ထပ်တံခါးများ၊ ပြတင်းများကိုသေချာပိတ်ပြီး အိပ်ကြဖို့ ရဲတွေက သတိပေးထားပါတယ်။

F-02