News

POST TYPE

ALSO IN NEWS

Rap ဖျော်ဖြေပွဲကိုသွားဖို့အတွက် လေယာဉ်ကို ခိုးဖို့ကြိုးစားတဲ့လူငယ်
09-Aug-2018

အမေရိကန်ပြည်ထောင်စု အာကန်ဆက်ပြည်နယ်က အသက် ၁၈ နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ Rap ဂီတဖျော်ဖြေပွဲကိုသွားချင်လို့ လေယာဉ်ကြီးတစ်စင်းလုံးကို ခိုးဖို့ကြိုးစားခဲ့ပါသတဲ့။ ဇီမာကစ် ဒီဗွန်စကော့ဆိုတဲ့ လူငယ်လေးဟာ ပြည်နယ်အပြင်မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကို သွားချင်တဲ့အတွက် ဂျက်လေယာဉ်ကိုယူဖို့ ကြိုးစားတာပါလို့ ဖြေကြားကြောင်း ဒေသခံသတင်းစာ တစ်စောင်က ဖော်ပြထားပါတယ်။ ယခုတော့ လေယာဉ်အစင်းလိုက်ခိုးဖို့ကြိုးစားတဲ့ လူငယ်လေးကို ခရိုင်အချုပ်ထဲမှာ ထည့်ထားပါတယ်။ ထိုလူငယ်လေးကို လေယာဉ်စက်ခန်းထဲ ရောက်နေချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ လူငယ်လေးတစ်ယောက်ဟာ အတားအဆီးတွေကို ကျော်ဖြတ်ပြီးတော့ အင်ဂျင်နှစ်လုံးတပ်လေယာဉ်ပေါ်ကို အတင်းတက်သွားတယ်လို့ လေဆိပ်လုံခြုံရေးက ရဲကိုလှမ်းတိုင်ခဲ့တာဖြစ်ပါတယ်။ ရဲတွေရောက်လာချိန်မှာတော့ စကော့ဟာ လေယာဉ်မှူးထိုင်ခုံပေါ်မှာ ထိုင်နေပြီးတော့ လေယာဉ်ကိုထွက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ Rap ပွဲတစ်ခုကိုသွားဖို့အတွက် လေယာဉ်ကိုတောင်လုတဲ့ လူငယ်လေးဟာ တကယ့်ကို ဒီဂီတရဲ့ပရိသတ်ဖြစ်ပုံရပါတယ်။

F-02