News

POST TYPE

ALSO IN NEWS

မိုးပျံမော်တော်ဆိုင်ကယ်တွေရဲ့ ရှေ့ပြေးလေလား
09-Aug-2018

တရုတ်က တီထွင်ဆရာတစ်ဦးဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ မိုးပျံမော်တော်ဆိုင်ကယ်စီးပြနေတဲ့ ဗီဒီယိုကို အင်တာနက်ပေါ် တင်ပြခဲ့ပါတယ်။ သူကတော့ ကမ္ဘာ့ပထမဆုံး မိုးပျံစကူတာလို့ ပြောထားပါတယ်။ ဂွမ်ဒေါင်းပြည်နယ် ဒေါင်ဂွန်မြို့မှာ ကျောင်းဒီလီဆိုတဲ့ ထွင်ဆရာက စမ်းသပ်ပျံသန်းခဲ့တာဖြစ်ပါတယ်။ ကြီးမားတဲ့ မိုးပျံမောင်းသူမဲ့ယာဉ်မှာ လူတစ်ယောက် ကောင်းကောင်းထိုင်နိုင်တဲ့ ဆိုင်ကယ်ပုံစံ ဖန်တီးထားတာဖြစ်ပါတယ်။ သူ့ရဲ့ ယာဉ်ဟာအလေးချိန် ပေါင် ၂၂၀ တင်နိုင်ပြီးတော့ တစ်နာရီကို ၄၅ မိုင်နှုန်းအထိ သွားနိုင်တယ်လို့ ထွင်ဆရာက ပြောပါတယ်။ မြစ်ဝါမြစ်ပေါ်မှာ ဖြတ်သန်းပျံသန်းပြခဲ့ပြီးတော့ ၃၆ မိနစ်တိတိ ဆက်တိုက်ပျံသန်းနိုင်တယ်လို့ မစ္စတာကျောင်းက ပြောကြားခဲ့ပါတယ်။

F-02