News

POST TYPE

ALSO IN NEWS

ပန်းချီလော့ကာကို ဒေါ်လာတစ်သောင်းခွဲဖြင့် လေလံဆွဲပြီး ဖွင့်လိုက်သောအခါ
23-Jul-2018

နယူးယောက်မြို့တော်က ပန်းချီကား ရောင်းဝယ်သူတစ်ဦးဟာ နယူးဂျာစီပြည်နယ်က ပန်းချီကား သိုလှောင်တဲ့ လော့ကာအပိတ်တစ်ခုကို ဒေါ်လာတစ်သောင်းခွဲနဲ့ လေလံဆွဲ ဝယ်ယူခဲ့ပါတယ်။ အထဲကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူမျှော်လင့်ထားတာထက်ပိုတဲ့ ဆုလာဘ်တွေ ရှိလို့နေပါတယ်။ တွေ့ရှိလိုက်ရတဲ့ ပန်းချီကားတွေထဲမှာ နာမည်ကျော် ပန်းချီဆရာကြီး ဝီလမ်ဒီကွန်နင်းရဲ့ပန်းချီကား ဒါဇင်ဝက်လောက်ကို တွေ့ရှိရပါတယ်။ ကွန်နင်းရဲ့ပန်းချီကားများကို လေလံပစ်ရောင်းချရာမှာ ဒေါ်လာသန်းချီ ဝင်ငွေရဖူးပါတယ်။ ဒေးဗစ်ကီလန်ဆိုသူ ပန်းချီရောင်းဝယ်ဖောက်ကားသူတစ်ဦးဟာ နယူးဂျာစီက ပန်းချီကားတွေသိမ်းတဲ့ လော့ကာ အဟောင်းတစ်ခုကို ဝယ်ယူခဲ့ရင်း ယင်းသို့တွေ့ရှိရတာ ဖြစ်တယ်လို့ သတင်းတွေက ရေးသားထားပါတယ်။ ကွယ်လွန်သူ ပန်းချီကားထိန်းသိမ်းရေးသမားတစ်ဦးရဲ့ စတူဒီယိုထဲမှာရှိတဲ့ ပိတ်ထားတဲ့လော့ကို မဖွင့်ဘဲနဲ့ လေလံပစ်တာ ဖြစ်ပါတယ်။

F-02