News

POST TYPE

ALSO IN NEWS

ဗိုက်ပေါ် ဖရဲသီးတင်ကာ တစ်မိနစ်အတွင်း အလုံးရေအများဆုံး ခုတ်နိုင်မှုစံချိန်တင်
22-Jul-2018

နယူးယောက်မြို့က အသက် ၆၃ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်သူ အက်ရှ်ရီတာဖာမန်ဟာ ဂရင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါပြီ။ ဝမ်းဗိုက်ပေါ် တစ်မိနစ်အတွင်း ဖရဲသီး အများဆုံးတင်ကာ ဓားဖြင့်ခုတ်ခွဲနိုင်မှု စံချိန်ဖြစ်ပါတယ်။ တစ်မိနစ်အတွင်းမှာပဲ ဗိုက်ပေါ်မှာ ဖရဲသီး ၂၆ လုံးကို ဓားနဲ့ခုတ်လိုက်နိုင်တာ ဖြစ်ပါတယ်။ တစ်မိနစ်ပြည့်သွားတဲ့အခါ အမျိုးသားကြီးဟာ တစ်ချက်မှဒဏ်ရာမရဘဲ အေးအေးဆေးဆေး ထထွက်သွားနိုင်ခဲ့ပါတယ်။ အမျိုးသားကြီးဟာ ပက်လက်လှန်လျက်နဲ့ ဗိုက်ပေါ်ကို ဖရဲသီးတင်ပြီး သူ့လက်နဲ့ပဲ ဓားရှည်နဲ့ လှမ်းလှမ်းခုတ်တာဖြစ်ပါတယ်။ အချိန်အဆမတော်ရင် ဗိုက်ကိုခုတ်မိသွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ စံချိန်တင်လိုက်နိုင်ပြီးတဲ့နောက်မှာ ငါဖြင့်မသေပါလားဆိုပြီး စိတ်သက်သာရာရခဲ့ပြီး၊ နောက်လူများ အဆိုပါစံချိန်ကို စိန်ခေါ်နိုင်မှာဖြစ်တယ်လို့ အက်ရှ်ရီတာဖာမန်က ပြောကြားပါတယ်။ သူဟာ ကမ္ဘာ့စံချိန်များစွာကိုလည်း တင်ထားခဲ့ဖူးသူဖြစ်ပါတယ်။ စုစုပေါင်း ၂၀၀ ကျော်လောက် စံချိန်တွေကို လိုက်ချိုးခဲ့သူ လူစွန့်စားဖြစ်ပါတယ်။

F-02