POST TYPE
ALSO IN NEWS
ဝေါစရိလမ်းမကြီးပေါ်က နွားရိုင်းကြီးရုပ်တုပေါ်မှာ ပူတင်မျက်နှာဖုံးနဲ့လုပ်တဲ့ ပါဖောမန့်
21-Jul-2018

ပြီးခဲ့တဲ့သီတင်းပတ် တနင်္လာနေ့က နယူးယောက်ဘဏ္ဍာရေးအရပ် ဝေါစရိလမ်းမကြီးပေါ်မှာရှိတဲ့ နာမည်ကျော် နွားရိုင်းရုပ်ကြီးပေါ်မှာ ပါဖောမန့်တစ်ခု ပြုလုပ်ခဲ့ပါတယ်။
အပေါ်အင်္ကျီဗလာနဲ့ အမျိုးသားတစ်ဦးဟာ ပူတင်မျက်နှာဖုံးစွပ်ပြီး ကျွဲကြီးပေါ်ကို ခွစီးပြီးတော့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
နွားရိုင်းကြီးရဲ့ တစ်ကိုယ်လုံးမှာ သက်တံရောင်ခြယ်ထားတဲ့ လိင်အာသာ ဖြေအရုပ်တွေ တပ်ဆင်စီခြယ်ထားပါတယ်
ဂျက်ဖ်ဂျက်တန်လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးက အဆိုပါလုပ်ရပ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရေးမှာ ပူတင်ရဲ့ ပါဝင်သက်ရောက်လာမှုတွေကို ဖော်ပြထားတာဖြစ်ပါသတဲ့။
နွားရိုင်းကြီးပေါ်မှာ ဆင်ယင်ထားတဲ့ လိင်အင်္ဂါတု အရုပ်တွေကို အာသာဖြေ လိင်အရုပ်ထုတ်လုပ်ငန်းတစ်ခုက လှူထားတာဖြစ်ပါသတဲ့။
ပူတင်ဟာ မိန်းမလျာအခွင့်အရေးကိုလည်း ဆန့်ကျင်သူတစ်ယောက်ဖြစ်တယ်ဆိုပြီး ရုရှားမှာရော၊ ကမ္ဘာတစ်ဝန်းမှာပါ ဝေဖန်ခံနေရပါတယ်။
F-02
- VIA
- Voice Admin
- SOURCES
- The Voice
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
01-Dec-2019