News

POST TYPE

ALSO IN NEWS

ကယ်လီဖိုးနီးယားက လူမနေတဲ့မြို့ ဒေါ်လာ ၁ ဒသမ ၄ သန်းနဲ့ ရောင်းချ
19-Jul-2018

ကယ်လီဖိုးနီးယားပြည်နယ် အိုဝင်တောင်ကြားဒေသက လူမနေတဲ့တစ္ဆေမြို့ခေါ် မြို့ပျက်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်းနဲ့ ရောင်းချလိုက်ပြီဖြစ်ပါတယ်။ အဆိုပါမြို့ကို ဝယ်ယူသူပိုင်ရှင်အသစ်က ခရီးသွားဧည့်သည်များ လာလည်ရာနေရာအဖြစ် အသုံးချမယ်လို့ ပြောထားပါတယ်။ ဆာရိုဂေါ်ဒိုလို့အမည်ရတဲ့ ဒီမြို့ဟာ အရင်က သတ္တုတူးဖော်ရေးမြို့ဖြစ်ပြီး လူမနေတာ ဆယ်စုနှစ်များစွာရှိခဲ့ပါပြီ။ စီးပွားရေးကုမ္ပဏီတစ်ခုက ဝယ်ယူသွားတာဖြစ်ပြီး ဘရန့်အန်ဒါဝုဒ်နဲ့ ဂျွန်ဘီယာတို့က ဦးဆောင်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ ၁၈၆၅ တုန်းက တည်ထားတဲ့ ထိုမြို့မှာ ဟိုတယ်တစ်လုံး၊ ဘားဆိုင်တစ်ခု၊ ပြတိုက်တစ်ခု၊ ဘုရားကျောင်းတစ်ကျောင်း၊ အိမ်ကြီးရှစ်လုံးနဲ့ အိမ်သေးလေးများစွာ ပါဝင်ပါတယ်။ ငွေတွင်းရှိတာကြောင့် ထိုမြို့မှာ ငွေတွင်းလုပ်သားတွေ နေခဲ့ကြတာဖြစ်ပါတယ်။

F-02