News

POST TYPE

ALSO IN NEWS

မိမိအိမ်ကို ဟော့ဝပ်ကျောင်းကြီးလို ပြင်ဆင်ထားတဲ့ ဟယ်ရီပေါ်တာပရိသတ်
19-Jul-2018

ဟယ်ရီပေါ်တာ ပရိသတ်တစ်ဦးဟာ ရင်ထဲမှာသာ နေရာပေးထားတာ မဟုတ်ပါဘူး။ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းနေရာတွေကိုပါ သူတို့အိမ်မှာ နေရာပေးထားတာ ဖြစ်ပါတယ်။ စုန်းတွေရဲ့ကမ္ဘာမှာရှိနေကြတဲ့အရာတွေကို အိမ်တွေမှာပါ ဆင်ယင်ထားပြီးတော့ အားပေးကြတာဖြစ်ပါတယ်။ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲကြီးကို နာမည်ကျော် စာရေးဆရာမကြီး ဂျေကေရိုးလင်းက ရေးသားတာဖြစ်ပါတယ်။ စကော့တလန်နေ ယူဂေါင်လို့အမည်ရတဲ့ ဟယ်ရီပေါ်တာ ပရိသတ်တစ်ဦးဟာ နေအိမ်တစ်ခုလုံးကို ဟယ်ရီပေါ်တာအသွင်နဲ့ ဆင်မြန်းထားတာဖြစ်ပါတယ်။ အိမ်တံခါးတွေကိုလည်း ဟော့ဝပ်စ်ရဲ့ပုံစံအတိုင်း ဆေးခြယ်ထားပါတယ်။ နံရံတွေပေါ်က ပန်းချီကားတွေကိုလည်း စာအုပ်ထဲကအတိုင်း လုပ်ထားပါတယ်။ ဇာတ်လမ်းထဲကလိုတော့ မလှုပ်ရှားနေပါဘူး။ ဂျက်ဖ်အာရွန်ဒယ်ဆိုသူ အမျိုးသားတစ်ဦးကလည်း အချိန်တစ်နှစ်လောက်ယူပြီး သူ့အိမ်ကို ဟယ်ရီပေါ်တာ ဇာတ်ဝင်ခန်းထဲက နေရာတွေလိုမျိုး ဆင်ယင်ခဲ့ပါတယ်။

F-02