News

POST TYPE

ALSO IN NEWS

ခရိုင်ကော်မရှင်ရွေးကောက်ပွဲမှာ အမြွှာညီအစ်မအရင်းနှစ်ဦး မတူသည့်ပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်မည်
18-Jul-2018

အမေရိကန်ပြည်ထောင်စု မီချီဂန် အနောက်ပိုင်းဒေသက အမြွှာညီအစ်မနှစ်ဦးဟာဆိုရင် စီရင်စုနယ်ကော်မရှင်နာရာထူးအတွက် တစ်အူတုံဆင်း ညီအစ်အချင်းချင်း ရင်ဆိုင်ယှဉ်ပြိုင်ကြရမှာဖြစ်ပါသတဲ့။

မတူညီတဲ့ပါတီတွေကနေ ဝင်ရောက် ယှဉ်ပြိုင်ကြပေမယ့် ညီအစ်မအချင်းချင်း တစ်ဦးကိုတစ်ဦး အချစ်အခင် မပျက်ကြပါကြောင်း ပြောကြားကြပါတယ်။

ကန့်ကောင်တီဒေသရဲ့ ခရိုင်အမှတ် ၁၂ ကော်မရှင်နာရာထူးအတွက် ဒီမိုကရက်ပါတီကနေ မိုနီကာစပတ်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

သူ့ရဲ့နိုင်ငံရေး အတိုက်အခံကတော့ အမြွှာညီအစ်မအရင်းဖြစ်ပြီး ရီပတ်ဘလစ်ကန်ပါတီက ဂျက်ဆီကာတိုင်ဆင် ဖြစ်ပါတယ်။ သူကတော့ ခရိုင်အမှတ် ၁၃ ရဲ့ ကော်မရှင်နာအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အမြွှာညီအစ်မနှစ်ဦးဟာ မူးယစ်ဆေး ပြဿနာရှိနေတဲ့ မိဘကမွေးဖွားခဲ့တာဖြစ်ပြီး မွေးစားမိဘ အသီးသီးရရှိပြီး နေရာဒေသ ခွဲခွာနေထိုင်ကြတာဖြစ်ပါတယ်။

F-02