News

POST TYPE

ALSO IN NEWS

ဗြိတိန်ဘုရင်မကြီးရဲ့ ငန်းတွေကို အစဉ်အလာအတိုင်း ရေတွက်ပွဲပြုလုပ်
17-Jul-2018

အနှစ် ၈၀၀ ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီးရဲ့ငန်းတွေ ရေတွက်ပွဲဟာ ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သလို သားရိုင်းတိရစ္ဆာန်တွေကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။ ရေတွက်ရေးအဖွဲ့သုံးဖွဲ့ဟာ သိမ်းစ်မြစ်အတိုင်း လှည့်လည်ခဲ့ပြီး အင်္ဂလန်တောင်ပိုင်းမှာ ငါးရက်ကြာလှည့်လည်ခဲ့ကာ ငန်းတွေကို ရေတွက် စုစည်းမှတ်တမ်းတင်ပါတယ်။ အဆိုပါအလေ့အထကို ၁၂ ရာစုကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အင်္ဂလန်ပြည့်ရှင်မင်းက ငန်းအားလုံးကိုပိုင်ဆိုင်သူလို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ငန်းရေတွက်ပွဲကို အစဉ်အလာအတိုင်း နှစ်စဉ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ငှက်သား၊ ငန်းသားကိုစားခွင့်မပေးဘဲ ပိတ်ပင်ထားတာလည်းရှိပါတယ်။ အစဉ်အလာအရကျင်းပတဲ့ ဒီပွဲတော်ဟာသဘာဝ သားရိုင်းထိန်းသိမ်းရေးမှာလည်း အသုံးဝင် အလုပ်ဖြစ်နေပါတယ်။ သိမ်းစ်မြစ်ထဲမှာ ယမန်နှစ်က ရေတွက်မှုအရ ငန်းကောင်ရေဟာ ၁၃၂ ကောင် တိုးလာပါတယ်။ အစဉ်တစိုက် လျော့ပါးလာရာကနေ ပြန်ပြီးတက်ရိပ်ပြလာတာလည်းဖြစ်ပါတယ်။

F-02