News

POST TYPE

ALSO IN NEWS

အိမ်ထောင်သက် အနှစ် ၇၀ အတွင်း တစ်ခါမှ ခွဲမအိပ်ဖူးတဲ့ ဇနီးမောင်နှံ
17-Jul-2018
အိမ်ထောင်ကျပြီးကတည်းက တစ်ကြိမ်မှကို ခွဲမအိပ်ဖူးတဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ သူတို့ရဲ့ အနှစ် ၇၀ မြောက် မင်္ဂလာအထိမ်းအမှတ်နေ့ကို ပြုလုပ်ခဲ့ပါပြီ။အသက် ၉၅ နှစ်အရွယ် အဲလ်ဘတ်တွင်လေနဲ့ ၉၁ နှစ်အရွယ် ဖိလစ်တို့ဟာ ၁၉၄၆ ခုနှစ်က မြောက်လန်ဒန်မှာ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ တော်ဝင်ဗြိတိန်စစ်တပ်ရဲ့ ရေဒီယိုကြေးနန်းဌာနမှာ တပ်ကြပ်တွေအဖြစ် အလုပ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ နောက်တော့ စစ်တပ်ကထွက်ခဲ့ကြပြီး အသားငါးဆိုင်လေးဖွင့်လို့ နေထိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ လောက်ကစပြီး သူတို့ဟာ အငြိမ်းစား ယူခဲ့ကြပြီးတော့ အေးအေးလူလူ ဘဝကိုဖြတ်သန်းနေခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ပလွှားမှုမရှိဘဲအရာရာကို ဝေမျှခဲ့ကြတယ်လို့ ဖိလစ်ကပြောကြားပါတယ်။

F-02