News

POST TYPE

ALSO IN NEWS

ထရမ့်-ပူတင် ထိပ်သီးဆွေးနွေးမှုကိုဂုဏ်ပြုပြီး ဖင်လန်မှာ ဘီယာထုတ်လုပ်
16-Jul-2018

ဖင်လန်နိုင်ငံက ဘီယာချက်လုပ်ငန်းငယ်တစ်ခုဟာ ဟယ်ဆင်ကီးမြို့မှာ ထရမ့်နဲ့ပူတင် တွေ့ဆုံကြမယ့်ပွဲကို ဂုဏ်ပြုနောက်ပြောင်ပြီး ဘီယာတစ်မျိုး ထုတ်လုပ်ပေးခဲ့ပါတယ်။ အမှတ်တံဆိပ်မှာ ဒေါ်နယ်ထရမ့်နဲ့ ဗလာတီမာပူတင်တို့ရဲ့ ကာတွန်းပုံကိုထည့်ထားပြီး အရေအတွက် ကန့်သတ်ပြီးတော့ ထုတ်ခဲ့တာဖြစ်ပါတယ်။ “ဒီကိစ္စတွေကို လူကြီးတွေလို ရှင်းလိုက်ရအောင်”ဆိုပြီး တံဆိပ်ပေါ်မှာလည်း ရေးထားပါသေးတယ်။ Making Larger Great Again လာဂျားဘီယာတွေ ပြန်လည် ကြီးမြတ်အောင် လုပ်ကြပါစို့လို့လည်း ရေးထားပြီး ဒါဟာ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စာသား Make America Great Again ကို ပြောင်လှောင်ထားတာ ဖြစ်ပါတယ်။ ဘီယာပုလင်းကို စုစုပေါင်း အလုံးရေတစ်သောင်းပဲ ထုတ်တာဖြစ်ပြီး တနင်္လာနေ့မတိုင်ခင် အကုန်ရောင်းထွက်ခဲ့ပါတယ်။ နမူနာဘီယာပုလင်းများကို ဖင်လန်ရှိ အမေရိကန်နဲ့ ရုရှားသံရုံးတွေကို ပေးပို့ခဲ့ပါတယ်။

F-02