News

POST TYPE

ALSO IN NEWS

၁၀ နှစ်ကျော် အလုပ်မလုပ်ဘဲ လစာယူနေသူ စပိန်က အစိုးရဝန်ထမ်းကိုမိပြီ
15-Jul-2018

ဆယ်စုနှစ်တစ်ခုကြာ အလုပ်ကို ပျက်ကွက်နေပြီး လုပ်ခလစာရယူနေသူ စပိန်က ဝန်ထမ်းတစ်ဦးကို မိသွားခဲ့ပါပြီ။ ယခုအခါ သူ့ကို အစိုးရအလုပ်တွေက လက်မခံဘဲ တားမြစ်တဲ့အမိန့် ချလိုက်ပါတယ်။ ကာလက်စ်ရီစီယိုလို့ အမည်ရသူဟာ ဗလင်စီယာပြည်နယ်အစိုးရရဲ့ မော်ကွန်းထိန်းရာထူး ရယူထားသူဖြစ်ပါတယ်။ မနက် ၇ နာရီခွဲမှာ ရုံးကိုလာပြီး အလာပြကာ တစ်နေကုန် ပြန်ထွက်သွားပြီး ညနေ ၄ နာရီ ရုံးဆင်းချိန်ဆို လာပြီးအထွက်ပြသူ ဖြစ်ပါသတဲ့။ သူဟာ ဆယ်နှစ်လောက်ကို တစ်နှစ်လစာ ယူရိုငါးသောင်းရတဲ့ ယင်းအလုပ်ကို အဝင်နဲ့ အထွက်ပဲ ပြနေခဲ့သူ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်များက သိရှိသွားပြီး တိုင်တောတဲ့အခါကျတော့ သူရတဲ့ပြစ်ဒဏ်က အလုပ်ပြုတ်ခဲ့ခြင်းသာဖြစ်ပြီး အခြားအစိုးရရုံးတွေမှာ လခစား ဝင်လုပ်ခွင့်မပြုခြင်းဖြစ်ပါတယ်။ သူက ရုံးကလူတွေနဲ့ အဆင်မပြေတာမို့ အပြင်ထွက်ပြီး အလုပ်လုပ်နေတာဖြစ်ပါတယ်လို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။

F-02