News

POST TYPE

ALSO IN NEWS

နှစ်ထောင်ချီ တိမ်မြုပ်နေသော ဝတ်ကျောင်းဆောင် ငလျင်ကြောင့် ပြန်လည်ထွက်ပေါ်
14-Jul-2018

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မက္ကဆီကိုမှာ ငလျင်လှုပ်ခဲ့ပါတယ်။ အဆိုပါ ငလျင်ကြောင့် Aztec ပိရမစ်လို့ခေါ်တဲ့ ရှေးဟောင်း အဆောက်အအုံတစ်ခုပြိုခဲ့ပြီး အထဲမှာ ဝတ်ကျောင်းဆောင်တစ်ဆောင်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လတ်တလောကမှ အပျက်အစီးတွေကြား အစဖော်တွေ့ရှိရတဲ့ အဆိုပါဝတ်ကျောင်းဆောင်ဟာ မိုးမင်းကြီး Tlaloc ကို ဝတ်ပြုဆုတောင်းတဲ့နေရာလည်း ဖြစ်ပါသတဲ့။

ယခုအခါမှာ ရေဒါနည်းပညာသုံးပြီး အဆိုပါ ဝတ်ကျောင်းအတွင်းပိုင်းကို စတင်စူးစမ်းနေပြီး တူးဖော်နေကြပါပြီ။

မက္ကဆီကိုနိုင်ငံ မိုရယ်လို့စ်ပြည်နယ်မှာရှိတဲ့ ငလျင်ဘေးသင့် ရှေးဟောင်းပိရမစ်ပျက်တစ်ခုထဲကနေ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ယင်းဝတ်ပြုရာနေရာကို ရှေးဟောင်း တလာဟူကာလူမျိုးတွေ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ဝတ်ကျောင်းဆောင်ဟာ နှစ်ပေါင်း ၁၁၅၀ ကရှိခဲ့တာလို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ခန့်မှန်းကြပါတယ်။                 

F-02