News

POST TYPE

ALSO IN NEWS

ကမ္ဘာ့အရှည်ဆုံး အီတာလျံအမဲသားမုန့် နဲ့ ချီကာဂိုစားသောက်ဆိုင် စံချိန်ချိုးဖို့ ကြိုးစား
12-Jul-2018

ကမ္ဘာ့အရှည်ဆုံး အီတာလျံအမဲသား အသားညှပ်မုန့်ကို ဖန်တီးချက်ပြုတ်ပြီး စံချိန်ချိုးဖို့အတွက် ချီကာဂိုစားသောက်ဆိုင်တစ်ဆိုင်က ကြိုးစားခဲ့ပါတယ်။ အမဲသား ၇၅ ပေါင်ကို အသုံးပြုပြီးတော့ ၁၀၉ ပေရှည်တဲ့ ပေါင်မုန့်ကြီးနဲ့ စံချိန်တင်ဖို့ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ တူရင်ဒေသထွက်ပုံစံ ပေါင်မုန့်ကိုမှ အချိုနဲ့ ငရုတ်ကောင်းဖြူးထားတဲ့ ပေါင်မုန့်အမဲသားညှပ် ဖြစ်ပါတယ်။ ချီကာဂိုဒေသခံအိမ်ခြေမဲ့ ပြည်သူများအတွက် ရန်ပုံငွေအဖြစ် အဆိုပါအမဲသားမုန့်ရှည် စံချိန်ချိုးလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စားသောက်ဆိုင်ကို မလာနိုင်တဲ့သူတွေအတွက် စားသောက်ဆိုင်ကနေ သူတို့အတွက် တစ်ခုခုယူလာပေးတာက သိပ်ကောင်းတယ်လို့ ဘဏ္ဍာ ရေးဆိုင်ရာ တာဝန်ရှိသူ အန်ဒရူးဝင်းတားက ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့အရှည်ဆုံး အီတလီအသားညှပ်ပေါင်မုန့်အဖြစ် စံချိန်ဝင်ဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုင်ကထုတ်ပြန်ထားပါတယ်။

F-02