POST TYPE
ALSO IN NEWS
လက်မောင်းနှစ်ဖက်လုံးမရှိသူ ဓားထိုးမှုဖြင့် စွပ်စွဲခံရ
12-Jul-2018

အမေရိကန်ပြည်ထောင်စု မိုင်ယာမီကမ်းခြေနားမှာ အသက် ၄၆ နှစ်အရွယ် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး ဓားထိုးမှုနဲ့ အဖမ်းခံထားရပါတယ်။ သူဟာ လက်နှစ်ဖက်စလုံးမရှိပေမယ့် ကတ်ကြေးနဲ့ထိုးမှုနဲ့ အဖမ်းခံထားရတာ ဖြစ်ပါတယ်။ သူဟာ ခြေထောက်နှစ်ဖက်ကိုသုံးပြီး တခြားသူကို ကတ်ကြေးနဲ့ထိုးလိုက်တာလို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ ဖလော်ရီဒါသား ဂျိုနသန်ခရန်ရှောဟာ အသက် ၂၂နှစ် အရွယ် ချီကာဂိုသားတစ်ဦးကို ကတ်ကြေးနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။မိုင်ယာမီကမ်းခြေရဲတပ်ဖွဲ့က ခရန်ရှောကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရဲစစ်ချက်မှာတော့ မစ္စတာခရန်ရှောဟာ မိမိကိုယ်ကိုယ် ကာကွယ်ရင်းနဲ့ ကတ်ကြေးနဲ့ ထိုးမိခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
F-02
- VIA
- Voice Admin
- SOURCES
- The Voice
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
01-Dec-2019