News

POST TYPE

ALSO IN NEWS

အသက် ၁၁ နှစ်သား နိုင်ဂျီးရီးယားပန်းချီဆရာလေးရဲ့ ရင်သပ်ရှုမောဖွယ် လက်ရာ
11-Jul-2018

ကာရင်ဝါရစ်စ်အိုလာမီလီကန်ဟာ ငယ်ရွယ်ပေမယ့် သူ့လက်ရာ သရုပ်မှန် ပုံတူရုပ်တွေဟာ ကောင်းလွန်းလို့ အများရင်သပ်ရှုမောနေကြပါတယ်။ ၁၁ နှစ်သား ပန်းချီကျော်လေးက မိုက်ကယ်အိန်ဂျလိုနဲ့ ပြည်တွင်း ပန်းချီဆရာ အရင်ဇီစတန်လေ အက်ဘန်ဂူးကို ကြိုက်ပါသတဲ့။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ရဲ့ ပုံတူကို ၂ နာရီအတွင်း သရုပ်မှန်လွန် ပုံတူဆွဲပြပေးပြီးတဲ့နောက်မှာ တစ်ကမ္ဘာလုံးက သိရှိ ချီးမြှောက်မှုကိုရခဲ့တာ ဖြစ်ပါတယ်။ ကောင်လေးဟာ သူ့ရဲ့ပန်းချီဆွဲတဲ့ အလုပ်ရုံကို နိုင်ဂျီးရီးယားနိုင်ငံ လေဂို့စ်မြို့က ဆင်းရဲသား ရပ်ကွက်လေးထဲမှာ ဖြစ်ပါတယ်။ ပြင်သစ်သမ္မတရဲ့ အာဖရိကခရီးစဉ်မှာ လက်ဆောင်ပေးခဲ့တဲ့ ပန်းချီကားကြောင့် သူ့ကို လူသိများလာပါတယ်။ ဘောပင်၊ ခဲတံစတာတွေဖြစ်တဲ့ ဈေးသက်သာသော အရာတွေနဲ့ ဆွဲတာဖြစ်ပြီး အချိန်လည်း အများကြီး မယူတတ်ပါဘူး။

F-02