News

POST TYPE

ALSO IN NEWS

ခွေး ၁၁ ကောင်မွေးပြီး ကမ္ဘာ့စံချိန်တင်တဲ့ ခွေးမလေး
29-Mar-2018


ချီဟွာဟွာ အမျိုးအစား ကိုယ်ဝန်ဆောင် ခွေးမလေးတစ်ကောင်ဟာ ခွေးကလေး ၁၁ ကောင်ကို ဖွားမြင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်သွားခဲ့ပါတယ်။ LOL လို့ အမည်ရတဲ့ ခွေးမလေးဟာ ၁၂ နာရီကြာအောင် မီးဖွားခဲ့ရပြီး မွေးလို့ကို မပြီးနိုင် မစီးနိုင်အောင် ခွေးကလေးတွေ ထွက်လာခဲ့ပါတယ်။ ယခုအခါ ခွေးမလေးနဲ့ ခွေးကလေးများဟာ ယာယီ လက်ခံပေးထားတဲ့ အိမ်မှာ နေထိုင်လျက်ရှိပါတယ်။ “တစ်ကောင်နှစ်ကောင်ကနေ ငါးကောင်ထွက်လာပြီးတဲ့အထိ သူက ဗိုက်ပူနေတုန်းပါပဲ။ အထဲမှာ ထပ်ရှိနေသေးတာ သေချာတယ်”လို့ ခွေးကလေးများကို မွေးစားမယ့် ဂျိုစီဘရောင်းက ပြောကြားခဲ့ပါတယ်။ 
၁၀ ကောင်လောက်အထိ ထွက်လာတဲ့အခါမှာ လန့်နေရပြီလို့ ဒန်နီရယ်ရီနိုက ပြောကြားခဲ့ပါသေးတယ်။ ကမ္ဘာ့စံချိန်ဖြစ်မလားဆိုတာကိုတော့ ဂရင်းနစ်စံချိန်အဖွဲ့က အတည်မပြုသေးပေမယ့် နောက်ဆုံး အများဆုံး မွေးထားတဲ့ ချီဟွာဟွာ ခွေးဟာဆိုရင် စုစုပေါင်း ၁၀ ကောင်ပဲ ရှိပါတယ်။

F-02