News

POST TYPE

ALSO IN NEWS

ကောင်လေးသုံးဦးက သမိုင်းဦးခေတ် ရုပ်ကြွင်းသတ္တဝါ မေးရိုးတွေ့ရှိ
28-Mar-2018

အမေရိကန်ပြည်ထောင်စု မစ္စစ္စပီဒေသက မိသားစုပိုင် မြေနေရာတစ်ခုမှာ ကစားနေကြတဲ့ ကောင်လေးသုံးဦးဟာ သမိုင်းဦးဆင်ရိုးခေါင်းရဲ့ မေးရိုးကြီးကို တွေ့ရှိခဲ့ကြပါသတဲ့။ ညီအစ်ကိုနှစ်ယောက်နဲ့ ဝမ်းကွဲတစ်ယောက်တို့ဟာ မစ္စစ္စပီမြစ်အနီးက ထွန်ယက်ထားတဲ့ မြေနေရာတစ်ခုမှာ ကစားရင်းနဲ့ အဆိုပါအရာကို တွေ့ရတာ ဖြစ်ပါတယ်။ ကျောင်းနွေရာသီ နားနေတဲ့ကောင်လေးတွေဟာ သစ်တုံးမှတ်လို့ တူးကြရင်း သွားတွေကို တွေ့ရတာဖြစ်ပါသတဲ့။ မိဘတွေက အဆိုပါအရာကြီးကို မစ္စစ္စပီပြည်နယ် သဘာဝသိပ္ပံပြတိုက်ကို သွားပို့ကြတာ ဖြစ်ပါတယ်။ ကျောက်ဖြစ် ရုပ်ကြွင်းလေ့လာသူ ဂျော့ဖိလစ်စ်က ဒါဟာ ရှေးဆင်ကြီးတစ်ကောင်ရဲ့ ဘယ်ဘက်မေးရိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယခုလို ရှေးဟောင်းဆင်ကြီးမျိုးရဲ့ မေးရိုးကို ရရှိတာက အလွန် ထူးကဲလှတယ်လို့ အဆိုပါပညာရှင်က ပြောပါတယ်။

F-02