News

POST TYPE

ALSO IN NEWS

မိုးပျံပူဖောင်းများစွာကို ခုံမှာတပ်ပြီး လေပေါ်ပျံတဲ့ အမျိုးသား
29-Oct-2017


ရုပ်ရှင်ထဲက အတိုင်းပါပဲ။ ဗြိတိန် အမျိုးသားတစ်ဦးဟာ ထိုင်ခုံပေါ်မှာ မိုးပျံပူဖောင်းများစွာ တပ်ဆင်ပြီး လေပေါ် ပျံသန်းခဲ့ပါတယ်။ ပေထောင်ပေါင်းများစွာ အမြင့်ကနေ ပျံသန်းနေတာ ဖြစ်ပါတယ်။ အဆိုပါပျံသန်းမှုကို တောင်အာဖရိကမှာ လုပ်ဆောင်ခဲ့ပြီး စုစုပေါင်း အကွာအဝေးမိုင် ၁၅ ဒသမ ၅ မိုင် ရောက်ရှိခဲ့ပါတယ်။ အမြင့်ဆုံး အနေနဲ့တော့ အမြင့်ပေ ၈၀ဝ၀ အထိ ရောက်ရှိခဲ့ပါသတဲ့။ ဗြိတိန်အမျိုးသား တွန်မော်ဂန်ဟာ အဆိုပါ စွန့်စားခန်းကိုပြုလုပ်ဖို့အတွက် လပေါင်းများစွာ ကြိုတင် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ မော်ဂန်ဟာ ဘောလုံး ၁၀ဝ ကို နှစ်ရက်ကြာအောင် ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟီလီယမ် ဓာတ်ငွေ့အပြည့် ဖြည့်ထားသော ဘောလုံးများကို ထိုင်ခုံပေါ်တွင် ချိတ်ပြီး ရိုးရှင်းစွာ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

F-02

  • VIA