News

POST TYPE

ALSO IN NEWS

ထောပတ်နဲ့လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးရုပ်တု
28-Oct-2017

ကမ္ဘာ့အကြီးဆုံး စာရင်းဝင်သွားတဲ့ ထောပတ်ဆီခဲနဲ့ ပြုပြင်စီရင်ထားတဲ့  ရုပ်တုဟာ အလေးချိန် ၃၃၂၁ ပေါင် ကျော် ရှိပါတယ်။

ဒီစံချိန်ကို ချိုးခဲ့သူဒက်ဗ်ရက် အာနန် ဂျာတီဂါအွန်ဂါဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းက ဖြစ်ပါတယ်။ 

ရုပ်တုဟာ အလျား ၈ ပေ ၂လက်မ၊ အကျယ် ၃ ပေ ၈ လက်မရှိပြီး ၆ ပေ ၁ လက်မမြင့်တာမို့ အကြီးဆုံး ထောပတ်ရုပ်တုအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

စားဖိုမှူးလည်းဖြစ်တဲ့ အမျိုးသား ပန်းပုဆရာဟာ အိန္ဒိယရဲ့ နာမည်ကျော် ရုပ်သံလိုင်းအတွက် ထိုထောပတ်ရုပ်တုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က စိန်ခေါ်မှုတွေကို နှစ်သက်ပါတယ်။ ကျွန်တော့်ဖန်တီးမှုတွေကနေ အိန္ဒိယအနုပညာလက်ရာကို ပြသချင်တာ ဖြစ်ပါတယ်”လို့ သူက ပြောကြားပါတယ်။

အဆိုပါ ရုပ်တုကြီးကို ဖန်တီးဖို့အတွက် ဒက်ဗ်ရက်ဟာ လေးနှစ်ကြာ ပြင်ဆင်ခဲ့ရပြီး ၁၀ ရက်လောက် လုပ်ခဲ့ရပါသတဲ့။

F-02

  • VIA