News

POST TYPE

ALSO IN NEWS

လူနာကလေးတွေ ခွဲစိတ်ခန်းထဲကို ကိုယ်တိုင် ကားမောင်းဝင်နိုင်ဖို့ စီစဉ်ပေးထားတဲ့ ဆေးရုံ
20-Oct-2017


အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂိုမြို့ ဆေးရုံတစ်ရုံဟာ ကလေးလူနာတွေအတွက် အထူး အစီအစဉ်တစ်ခု ပြုလုပ်ပေးထားပါတယ်။ ကလေးတွေကို မတုန်လှုပ်အောင် အားပေးတဲ့အနေနဲ့ ခွဲစိတ်ခန်းရှိရာ နေရာကို လူနာတင်လှည်းနဲ့ မသွားစေဘဲ ကိုယ်တိုင် အရုပ်ကားပေါ်တက်ကာ မောင်းသွားစေနိုင်ဖို့ စီစဉ်ပေးထားတာ ဖြစ်ပါသတဲ့။ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်ထားတဲ့ ဇိမ်ခံကား အသေးလေးတွေနဲ့ ကလေးတွေဟာ ခွဲခန်းရှိရာကို ခေါင်းမော့ပြီး ကျော့ကျော့လေး သွားနိုင်အောင် စီစဉ်ထားပြီး အားပေးထားတာ ဖြစ်ပါတယ်။ ကာလရှည် ဆေးရုံတက်နေရတဲ့ ဝေဒနာသည်ကလေးတွေဟာ စိတ်ဒဏ်ရာ ရတတ်တာမို့ လူမှုရေးလုပ်သားများက သူတို့ကို အမြဲကူညီလေ့ရှိပါတယ်။

ဆူပါဟီးရိုး ဝတ်စုံတွေဝတ်လို့ တမျိုး၊ လူရွှင်တော်ပုံစံ ဝတ်လို့တစ်သွယ် ဆရာဝန်တွေက ကလေးများကို ပြုစုကူညီပေးတဲ့သတင်းတွေလည်း မကြာခဏတွေ့ရပါတယ်။ ဒီလို ကလေးတွေကိုယ်တိုင်မောင်းဖို့ ကားစီစဉ်ပေးတာကတော့ သတင်းအသစ် ဖြစ်ပါတယ်။ ကားတွေကို ဆန်ဒီယေဂိုဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးလုပ်ငန်း အေဂျင်စီက လှူဒါန်းထားတာ ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့နှစ်သက်တဲ့ မာစီဒီးစ်၊ လန်ဘော်ဂီနီ၊ ဖာရာရီစတဲ့ ကားတွေကို စိတ်ကြိုက်ရွေးချယ်ပြီး မောင်းနှင်နိုင်ပါသတဲ့။

F-02

  • VIA