News

POST TYPE

ALSO IN NEWS

အသက် ၉၂ ဘွားဘွား ပန်းကြဲတဲ့ မင်္ဂလာဆောင်
08-Jul-2017

လူကြီးနေရာဆိုပြီး ထိုင်ခိုင်းထားတာထက် သက်ကြီးရွယ်အိုတွေကို နေရာပေးပြီး သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ထုတ်ဖော်ပြသခွင့် ပေးသင့်ပါတယ်။

အမေရိကန် ပြည်ထောင်စု မင်နီဆိုးတာပြည်နယ်သူ ဘွားဘွားတစ်ယောက်ကတော့ မြေးမလေးရဲ့ မင်္ဂလာပွဲမှာ ပန်းကြဲတဲ့ မိန်းမပျိုလေးနေရာက ပါဝင်ခွင့်ရခဲ့ပါတယ်။ ဂျော်ဂျီယာနာအာ့တ်ဆိုတဲ့ အသက် ၉၂ နှစ်အရွယ် ဘွားဘွားဟာ မြေးမလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါသတဲ့။

“ကျွန်မက အဘွားကို ပါဝင်စေချင်ခဲ့တာပါ။ အဘိုးကိုလည်း လက်စွပ်ကိုင်ဖို့ ပါဝင်စေချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ပြီးခဲ့တဲ့တစ်နှစ်က ကွယ်လွန်သွားခဲ့တာပါ”လို့ သတို့သမီး အက်ဘီမာရှန်က ပြောကြားပါတယ်။

ကိုယ့်မင်္ဂလာဆောင်ကလွဲပြီး ဘယ်ပွဲမှာမှ အခမ်းအနားမှာ မပါခဲ့ဖူးပါဘူးလို့ ဘွားဘွားက ဆိုပါတယ်။ ဒီဘွားဘွားမှာ မြေး ၁၇ ယောက်နဲ့ မြစ် ၁၆ ယောက်ရှိပါသတဲ့။

 F-02

  • VIA