News

POST TYPE

ADVERTORIAL

Dual Selfie ကင်မရာနဲ့ Super Night Mode ပါဝင်တဲ့ VIVO-V19 ကို မေလ ၈ ရက်နေ့မှာ မိတ်ဆက်မယ်
04-May-2020



Selfie ကင်မရာစွမ်းဆောင်ရည်မှာ ဆန်းသစ်မှုတွေအမြဲတီထွင်ဖန်တီးလေ့ရှိတဲ့ VIVO ကနေပြီး ထူးခြားတဲ့စွမ်းဆောင်ရည် တွေနဲ့ စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ပေးသွားဖို့ရှိနေပါတယ်။

အဲဒီ စမတ်ဖုန်းကတော့ V19 စမတ်ဖုန်းဖြစ်ပြီး Dual Selfie ကင်မရာနဲ့ Super Night Mode ကင်မရာစွမ်းဆောင်တွေ ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် စမတ်ဖုန်းနဲ့ Selfie ဓါတ်ပုံရိုက်တာဝါသနာပါသူတွေကြားမှာ စိတ်ဝင်စားစရာ စမတ်ဖုန်းအသစ်ဖြစ်လို့နေပါတယ်။

V19 စမတ်ဖုန်းကို မေလ၊ ရက်နေ့မှာ မြန်မာနိုင်ငံစျေးကွက်မှာ မိတ်ဆက်သွားမယ်လို့ VIVO က ကြေညာထားပြီး အွန်လိုင်းကနေ Live လွှင့်ကာ အများပြည်သူထံမိတ်ဆက်သွားမှာပါ။




V19 စမတ်ဖုန်းမှာ အရှေ့ဘက်မှာ 32MB နဲ့ 8MP ကင်မရာနှစ်လုံးပါဝင်မှာ ဖြစ်ပြီး အနောက်ဘက်မှာတော့ 48MP + 8MP + 2MP + 2MP ကင်မရာ လုံးအထိပါဝင်မှာဖြစ်တာကြောင့် ကင်မရာစွမ်းဆောင်ရည် ထိပ်တန်းအဆင့် စမတ်ဖုန်းတစ်လုံးဖြစ်လာဖို့ ရှိနေပါတယ်။

ဒါ့အပြင် Super Night Mode Aura Screen Light နဲ့ Dual View Display တို့လိုထူးခြားတဲ့လုပ်ဆောင်ချက်တွေ ပါဝင်လာဖို့လည်း ရှိနေတာကြောင့် ၂၀၂၀ ခုနှစ်အတွက် စောင့်ကြည့်ရမယ့် စမတ်ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။




ကနဦးထုတ်ပြန်ချက်တွေအရဆိုရင် V19 မှာ .၄၄ လက်မ Full HD+(2400x1080) မှာဖြစ်ပြီး 4G LTE အထိထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။

ဒီလိုအားသာချက်တွေရှိနေတဲ့ V19 ရဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေနဲ့ စျေးနှုန်းတို့ကိုတော့ မေလ၊ ရက်နေ့မှာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်။