News

POST TYPE

ADVERTORIAL

ဘေးကင်းလုံခြုံမှု ကြယ် ၅ ပွင့်အဆင့်ရှိပြီး ဆန်းသစ်ခန့်ထည်တဲ့ဒီဇိုင်းနဲ့ Ford Everest Ambiente ကို လေ့လာကြည့်ခြင်း
04-Sep-2018 tagged as Ford


Ford ဆိုတာက အားလုံးသိတဲ့အတိုင်း အမေရိကန်အခြေစိုက် ကမ္ဘာကျော်ကားကုမ္ပဏီကြီးဖြစ်ပြီး လုံခြုံရေးပိုင်းအားကောင်းကာ ဒီဇိုင်းပိုင်းလှပခန့်ထည်တဲ့ကားမျိုးတွေကို အဓိက ထုတ်လုပ်လေ့ရှိပါတယ်။ Ford ကားတွေထဲကမှ ဒီတစ်ခါမှာ ဘေးကင်းလုံခြုံမှု ကြယ် ၅ ပွင့်အဆင့်ရှိပြီး ကြီးမားခန့်ထည်သလို ဒီဇိုင်းဆန်းသစ်တဲ့ SUV အမျိုးအစား Ford Everest Ambiente ကို လေ့လာကြည့်ချင်ပါတယ်။

Ford Everest ရဲ့ နောက်ဆုံးထွက်မော်ဒယ်လ် Ambiente ကို ခုံ ၃ တန်းနဲ့ ၇ ယောက်စီး (7 Seaters) SUV အဖြစ် ကြီးမားပြီး ဒီဇိုင်းလှပဆန်းသစ်တဲ့ ကိုယ်ထည်နဲ့ဖန်တီးထားပါတယ်။ Off Road စွမ်းဆောင်ရည်ပိုင်းမြင့်မားပြီး အထူးပေါ့ပါးသွက်လက်တဲ့ Handling ထိန်းချုပ်မှုစွမ်းရည်တို့ ပါဝင်တာကြောင့် မြန်မာတစ်နိုင်ငံက လမ်းမရွေးဘဲ မိသားစုလိုက် ပျော်ပျော်ပါးပါး ခရီးသွားနိုင်စေမယ့်ကားမျိုးဖြစ်ပါတယ်။

Ambiente ဟာ တောင့်တင်းခိုင်ခံ့တဲ့ ကိုယ်ထည်နဲ့ အဆင့်မြင့် နည်းပညာသုံး Suspension စနစ်တွေကြောင့် ကြာရှည် အသုံးပြုနိုင်မှာဖြစ်သလို အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်တွေလည်း ပါဝင်တဲ့ Cross Over SUV ပါ။

Ambiente မှာပါဝင်တဲ့ ထူးခြားတဲ့နည်းပညာတွေထဲမှာ Off Road အတွက် အထူးထိရောက်တဲ့ Ford's TerrainManagement System ပါဝင်ပြီး အဆိုပါစနစ်မှာ Normal - ပုံမှန်လမ်း၊ Snow- နှင်း ၊ Sand & Mud - သဲ နှင့် နွံ၊ Rock-ကြမ်းတမ်းတဲ့ ကျောက်ခင်းလမ်း ဆိုတဲ့ပုံစံ ၄ မျိုးထဲက လမ်းအခြေအနေနဲ့ ကိုက်ညီမယ့် Suspension၊ Speed၊ Body Control တို့ လိုက်ပါပြောင်းလဲပေးနိုင်တဲ့ စနစ်ပဲဖြစ်တာကြောင့် ယာဉ်မောင်းတွေအတွက် တကယ့်ကို အထောက်အကူပြုမယ့်စနစ်ပါပဲ။ Terrain Management System အပြင် တောင်တက်အသုံးပြုမှုတွေအတွက် အထူးအသုံးဝင်တဲ့ Hill Launch Assist ၊ လျှပ်စစ်စနစ်သုံး ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ်-Electronic Stability Control ၊ လမ်းချော်မယ့် အခြေအနေတွေ၊ ကားနွံနစ်နေတဲ့ အခြေအနေတွေကို ကြုံလာပါက ယာဉ်ကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်ပြီး အခက်အခဲမှကျော်လွှားနိုင်စေမယ့် Locking Rear Differential-LRD၊ အသက်ကယ်လေအိတ် နှစ်လုံး၊ ABS Brake System၊ ESP၊ Roll Stability Control၊ တောင်ဆင်းလမ်းတွေမှာ ယာဉ်ရဲ့အရှိန်အား ကောင်းစွာတည်ငြိမ်စေရန် ထိန်းချုပ်ပေးနိုင်တဲ့ Hill Descent Control စတဲ့ လုံခြုံမှုနဲ့ ယာဉ်မောင်းအထောက်အကူပြု နည်းပညာများစွာလည်း ပါဝင်ပါသေးတယ်။ နောက်ပြီး Ford Everest ရဲ့ Water Wading ကို ရေအနက် 800 mm အထိအသုံးပြုနိုင်မှာ ဖြစ်ကာ Ground Clearance က 225mm ဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင့် ကမ္ဘာ့လုံခြုံမှုဆိုင်ရာ အဆင့်သတ်မှတ်မှုအဖွဲ့ကြီး ANCAP ကနှစ်စဉ်သတ်မှတ်တဲ့ ဘေးကင်းလုံခြုံမှု အဆင့်သတ်မှတ်ချက် (Safety Rate) မှာ Ford Everest Ambiente က ၂၀၁၅ ခုနှစ်အတွက် ကြယ် ၅ ပွင့်အဆင့်ထိ သတ်မှတ်ခံခဲ့ရတာပါ။

Ford Everest Ambiente မှာ အင်ဂျင်အနေနဲ့ 2.2L I4 Diesel Engine၊ 150 Ps၊ 385 Nm အင်ဂျင်နဲ့ 6-Speed Manual Gearbox တို့ကို တွဲဖက် တပ်ဆင်ထားကာ 4WD with TMS စနစ်ကို အသုံးပြုထားပါတယ်။ လူ ၇ ယောက်ထိ စီးနင်းနိုင်တဲ့ 5 Doors SUV ဖြစ်ပြီး အတွင်းခန်းက ကျယ်ဝန်းသပ်ရပ်သလို ထိုင်ခုံတွေကိုလည်း သက်သောင့်သက်သာ စီးနင်းနိုင်အောင် ခင်းကျင်းစီစဉ်ထားတာကို တွေ့ရပါတယ်။ Dashboard Aera ကို လှပခေတ်ဆန်တဲ့ Layout နဲ့မြင်တွေ့ရမှာဖြစ်ကာ ဂီယာစနစ်၊ Terrain Response System၊ အခြားထိန်းချုပ်ခလုတ်တွေ ... စတာတွေကို User Friendly ဖြစ်အောင် ဖန်တီးထားပြီး အရည်အသွေးမြင့်ပစ္စည်းတွေကိုသာ သုံးစွဲထားတယ်ဆိုတာတော့ အထူးပြောနေဖို့ လိုမယ်မထင်ပါဘူး။ Steering မှာ volume control ထိန်းချုပ်ခလုတ်တွေပါဝင်ပြီး မီတာဒိုင်ခွက်အုံမှာလည်း Trip Computer အပါအ၀င် အခြားအချက်အလက်တွေကို စုံလင်စွာကြည့်ရှုနိုင်အောင် ဖန်တီးပေးထားပါသေးတယ်။ အဓိကပါဝင်တဲ့ အတွင်းခန်းပါဝင်မှုတွေအနေနဲ့ (A/C with Control in Rear Center Console Heaters)၊ (AM/FM/AUX with Bluetooth and USB) စတာတွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် 17-inch Alloy Wheels နဲ့ Volumetric Alarm၊ Spoiler with CHMSL စတဲ့ Features တွေလည်း ပါဝင်ပါသေးတယ်။ Ford Everest ၏ ဒုတိယထိုင်ခုံတန်းကို ၆၀/၄၀ အချိုးခေါက်သိမ်းနိုင်မည်ဖြစ်ပြီး တတိယထိုင်ခုံတွေကိုလည်း ၆၀/၄၀ အချိုးခေါက်သိမ်းနိုင်မှာပါ။ ကလေးငယ်တွေအတွက် ဘေးကင်းစိတ်ချရစေမယ့် ISOFIX Child Seat Lower Achors တွေလည်း ပါဝင်နေပါသေးတယ်။

ဒီအချက်အလက်တွေ အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် Ford Everest Ambiente ဟာ မြန်မာနိုင်ငံရဲ့ လမ်းတွေ၊ ရာသီဥတုတို့မှာ ဘေးကင်းလုံခြုံစွာနဲ့ မောင်းနှင်နိုင်မယ့်အပြင် ကြီးမားခံ့ညားတဲ့ဒီဇိုင်းကြောင့် မိသားစုဝင်တွေအားလုံး စိတ်ကျေနပ်မှု အပြည့်အဝ ရစေမယ့် ကားအမျိုးအစားလို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

Ford Everest Ambiente ကိုယခုအခါမှာ Ford Myanmar က Monsoon Sale Promotion အနေနဲ့ အထူးဈေးနှုန်း USD 42,995 နဲ့ ရောင်းချပေးနေတဲ့အကြောင်းလည်း တစ်ခါတည်း သတင်းကောင်းပါးလိုက်ပါတယ်။