News

POST TYPE

ADVERTORIAL

လုပ်ငန်းအတွက်ရော၊ အိမ်စီးအနေနဲ့ပါ အကောင်းဆုံး Ford Ranger Double Cab
15-Aug-2018

Ford Ranger Double Cab ဟာဆိုရင် ကမ္ဘာတဝှမ်းမှာ ရောင်းအားအကောင်းဆုံး Pick Up/Truck အမျိုးအစားကားဖြစ်ပြီး တစ်စီးတည်းနဲ့ မိသားစုအတွက် အိမ်စီးကားအဖြစ်နဲ့ရော၊ လုပ်ငန်းသုံးအနေနဲ့ သုံးလို့ရအောင်ပါ အထူးဒီဇိုင်းနဲ့ဖန်တီးထားတဲ့ ကားဖြစ်ပါတယ်။

Ranger Double Cab Base Model ဟာ Ranger ရဲ့ တတိယမျိုးဆက်ကားဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ Facelift ပြောင်းခဲ့တဲ့ New Model ပါ။ ဒီ Model မှာ အင်ဂျင်ကိုအဆင့်မြှင့်တင်ထားပြီး အောက်ပိုင်းဆိုင်းထိန်းစနစ်တွေကိုလည်း ယခင် Model တွေထက် ပိုပြီးတောင့်တင်းခိုင်မာအောင် ဖန်တီးထားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဈေးကွက်ထဲကသူ့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Isuzu D-Max, Nissan Navara, Mitsubishi L200, Toyota Revo တွေနဲ့ ကောင်းကောင်းယှဉ်ပြိုင်နိုင်ပြီး Double Cab ချစ်သူတွေ အကြိုက်တွေ့အောင် အထူးအားထုတ်ဖန်တီးထားပါတယ်။

Ford Ranger Double Cab Base ဟာ 4x4 Drive-Train အမျိုးအစားဖြစ်ပြီး အင်ဂျင်အနေနဲ့ 2.2L Diesel TDCi Engine, 4-Cylinder, 150 Hp/375Nm @rpm 2700 – 3700 Power ရှိပြီး 6-speed Manual Gearbox စနစ်နဲ့ တွဲစပ်ထားပါတယ်။ Range Double Cab Base ဟာ အထိရောက်ဆုံး စွမ်းဆောင်ရည်ရရှိနိုင်တဲ့ Model ဖြစ်ပြီး ယခင်မျိုးဆက် Model တွေထက် ၁၇% အထိ ဆီစားသက်သာကာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ကြာရှည်ခံတဲ့ အင်ဂျင်စနစ်အသစ်ကို အသုံးပြုထားပါတယ်။ 

2.2 TDC i Diesel Engine ၏ ပျမ်းမျှဖြစ်တဲ့ Combined Fuel Economy of 43.5 mpgနဲ့ Payload 1500kg အထိ ၀န်တင်နိုင်စွမ်းတို့က Ranger Doubel Cab ကို ဝယ်ယူတဲ့သူတွေ အကြိုက်တွေ့မယ့်အချက်တွေပါ။ Pick-up Sector အတွက် စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ဝန်တင်ဆောင်နှုန်း၊ ကားကိုယ်ထည်အလေးချိန်တို့ကို အကောင်းဆုံးဖြစ်စေမယ့် အနေအထားတွေနဲ့ Ford ကနေပြီး Ranger Double Cab Base ကို စနစ်တကျ စီစဉ်ထုတ်လုပ်ထားတာပါ။ အရည်အသွေးမြင့် Steel Load Bed တွေကိုကားရဲ့ Hard-top Cover တွေမှာ ထည့်သွင်းထားပြီး အထူးမာကျောတဲ့ ကိုယ်ထည်နှင့် အောက်ပိုင်းဖွဲ့စည်းပုံတို့ဟာ SUV Models တွေလိုပဲဖြစ်ပါတယ်။ 4x4 System ကလည်း တကယ့်ကို စွမ်းဆောင်ရည်ကောင်းမွန်ပြီး လမ်းအခြေအနေမျိုးစုံမှာ ကောင်းကောင်းမောင်းနှင်နိုင်မှာပါ။ လုပ်ငန်းလိုအပ်ချက်အရ ၀န်များစွာတင်ပြီးမောင်းနှင်ရတဲ့အခါမှာမလည်း အကောင်းဆုံးစွမ်းဆောင်နိုင်မယ့် Model ပါပဲ။ 

Ford Ranger Double Cab ကားတွေဟာ ဘေးကင်းလုံခြုံမှုအပိုင်းမှာ အမြဲတမ်း ထိပ်တန်းအဆင့် သတ်မှတ်ခံရလေ့ရှိပါတယ်။ Ford Ranger Model ဟာဆိုရင် Safety ပိုင်းမှာ ကမ္ဘာကျော် Euro NCAP အဖွဲ့ကြီးမှ သတ်မှတ်တဲ့ လုံခြုံမှု အကောင်းဆုံးအဆင့် သတ်မှတ်ချက်မှာ ၂၀၁၂ ခုနှစ်တုန်းက ကြယ်လေးပွင့်အဆင့် ရရှိထားတာပါ။ Ranger Double Cab Base မှာ အသက်ကယ် လေအိတ် ၂ လုံး၊ Collapsible Steering Column, Electronic Stability Control, Remote Keyless Entry စသည်ဖြင့် အဓိက လုံခြုံရေးအစီအမံတွေ အပြည့်အစုံ ပါဝင်နေပါတယ်။ Ranger Double Cab Base ရဲ့နောက်ထပ် ထူးခြားချက်တစ်ခုက ယာဉ်မောင်းအတွက် အထူးအဆင့်မြင့် အခင်းအကျင်းနဲ့ Driving Performance တို့နဲ့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ယာဉ်ထိန်းချုပ်ခြင်းနဲ့ Ride Comfort ပိုင်းမှာ များစွာအဆင်ပြေပြီး Pick-up ကားတစ်စီးမောင်းနေပေမယ့် SUV ကဲ့သို့ ခံစားမှုနဲ့ မောင်းနှင်နိုင်မှာပါ။။ အထူးသဖြင့် Steering, Gearbox နဲ့ လီဗာတို့ဟာ အချိုးညီညီနဲ့ ယာဉ်မောင်းရဲ့ ထိန်းချုပ်မှုကို အလျင်မြန်ဆုံး တုံ့ပြန်ပေးနိုင်လို့ တောင်တက်/တောင်ဆင်းကဲ့သို့ သာမန်မဟုတ်တဲ့ မောင်းနှင်မှုတွေအတွက်လည်း စိတ်ချလုံခြုံစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Dashboard Aera တစ်ခုလုံးရှိ ထိန်းချုပ်ခလုတ်တွေ၊ Layout တွေကို အရည်အသွေးမြင့်ပစ္စည်းတွေနဲ့ ပြုလုပ်ထားကာ ကြီးမားတဲ့ Door Pocket တွေကို တံခါး ၄ ခု၌တပ်ဆင်ထားပြီး Center Armrest အောက်မှာလည်း ပါဝင်ပါတယ်။ ခရီးသည် ၅ ယောက်စီး အခင်းအကျင်းပုံစံဖြစ်တာကြောင့် ထိုင်ခုံတွေကို သက်သောင့်သက်သာရှိစေရန်နဲ့ ကောင်းစွာ ခြေဆန့်စီးနင်းနိုင်ရန် စီစဉ်ပေးထားပါတယ်။ ထိုင်ခုံနှင့်အမိုး အမြင့်က ကျယ်ဝန်းမှုရှိပြီး အရပ် ၆ ပေခန့်မြင့်တဲ့ ခရီးသည်တွေအထိ အဆင်ပြေပြေ စီးနင်းနိုင်မှာပါ။ ကားတံခါး အတက်/အဆင်းကိုလည်း အခက်အခဲမရှိ အဆင်ပြေပြေ အတက်/အဆင်း ပြုလုပ်နိုင်ပါတယ်။

ယခု Double Cab Base မှာ 16-inch Steel Wheel တွေပါဝင်ပြီး Ford ၏ Easy-Fuel Refulling System က ယာဉ်ပိုင်ရှင်ကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်ကာ ဖျော်ဖြေရေးအတွက် AM/FM/AUX with input jack ကဲ့သို့ ခေတ်မီစနစ်တွေလည်းပါဝင်လို့ လိုရာခရီးကို စိတ်လက်ပေါ့ပါးစွာ မောင်းနှင်နိုင်မှာပဲဖြစ်ပါတယ်။ 

နိဂုံးချုပ်အနေနဲ့ပြောရရင် ကမ္ဘာကျော် Ford ရဲ့ Ranger Double Cab Base ဟာ မြန်မာနိုင်ငံရှိ Pick-up/Trukck ဈေးကွက်၌ နေရာတစ်ခု အထင်အရှားရရှိထားကာ နယ်ပယ်ဒေသမရွေး အသုံးပြုနိုင်ပြီး နိုင်ငံတစ်ဝှမ်း လူကြိုက်များတဲ့ ကားမော်ဒယ်လ်တစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။

Ford ရဲ့ Ranger Double Cab Base ကို Ford Myanmar ကနေပြီး USD 27,995 နဲ့ အထူးဈေးနှုန်းသက်မှတ်ပြီး ရောင်းချပေးလျက်ရှိကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။