03-Nov-2018
သူ့အမည် အပြည့်အစုံက ဆာယိ ဆတ်ဒစ် ဘင်ဆာယိ အဘဒူ ရာမန် (Syed Saddiq bin Syed Abdul Rahman) ဖြစ်သည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မွေးဖွားသည်ဆိုသဖြင့် ယခုမှ ၂၆ နှစ်ပင် မပြည့်သေး။ သို့သော် သူသည် မလေးရှားနိုင်ငံ၏ နိုင်ငံရေးသမား၊ နိုင်ငံရေးလှုပ်ရှားသူဖြစ်ခဲ့သည်။ ယခုလက်ရှိ မလေးရှားနိုင်ငံ၏ လူငယ်နှင့် အားကစားဝန်ကြီးအဖြစ် တာဝန်ယူထားသည်။ အရှေ့တောင်အာရှတွင် အသက်အငယ်ဆုံးဝန်ကြီး တာဝန်ဖြင့် အစိုးရအဖွဲ့တွင် နေရာရထားသူဖြစ်ပြီး ထင်ရှားထွန်းတောက်လာသည့် လူငယ်တစ်ဦးလည်း ဖြစ်လာခဲ့ရသည်။