News

POST SECTION

2020-ELECTION

09-Aug-2020
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ၎င်းက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
06-Aug-2020
လာမည့် နိုင်ဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းမှမဲပေးမည့်သူ ၄၁ သိန်း (၄,၁၆၀,ဝ၀ဝကျော်)ကျော်ရှိပြီး တပ်မတော်သားများမဲပေးရန် တပ်တွင်းမဲရုံ သီးခြားမထားတော့ဟု မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ပြောဆိုသည်။
06-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့်သူများစာရင်းကို သြဂုတ်လ ၇ ရက် (ယနေ့) နောက်ဆုံးထားကာ ကပ်ထားမည်ဖြစ်ပြီး အချိန်နည်းသည်ဟု ဝေဖန်မှုများရှိသည်။
06-Aug-2020
လာမည့်အထွေထွေရွေးကောက်ပွဲ၌ ဦးသိန်းစိန်အစိုးရလက်ထက်က မန္တလေးတိုင်းအစိုးရအဖွဲ့၌ တိုင်းအဆင့်ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအချို့ ထပ်မံယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီထံမှ သိရသည်။
06-Aug-2020
မန္တလေးတိုင်းတွင် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။
06-Aug-2020
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အခွင့်အရေးကို အလေးထားဆောင်ရွက်မည့် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို မဲပေးရန် မဲဆန္ဒရှင်များကို နှိုးဆော်သည့် ဆိုရှယ်မီဒီယာကမ်ပိန်းကို NCRWG အဖွဲ့က စတင်မိတ်ဆက်လိုက်သည်။
06-Aug-2020
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ရန် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
05-Aug-2020
လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် မွန်ပြည်နယ်နှင့်ပဲခူးတိုင်းမှကိုယ်စားလှယ်လောင်းသုံးဦးကို ပြောင်းလဲရွေးချယ်ခဲ့သည်ဟု NLD ပါတီထံမှသိရသည်။
05-Aug-2020
ငါးနှစ်မှတစ်ကြိမ်သာကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် မဲမပေးဘဲနှင့် စနစ်ကိုမကြိုက်ဘူးဟု ပြောဆိုခြင်းမှာ အလွန်တာဝန်မဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
05-Aug-2020
မန္တလေးတိုင်း တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်လောင်းသည် ကျန်းမာရေးချို့ယွင်းသွားခဲ့သောကြောင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် သာယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နှင့် အစားထိုးလဲလှယ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း) ထံမှသိရသည်။
05-Aug-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာညိုညိုသင်းက တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ် ၉ မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းကအတည်ပြုပြောကြားသည်။
05-Aug-2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သြဂုတ်လ ၄ ရက် နံနက်ပိုင်းက ကိုယ်တိုင်လျှောက်လွှာတင်သွင်းခဲ့သည်။
04-Aug-2020
ဖြူးမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းထံသို့ ပြီးခဲ့သည့်ရက်ပိုင်းက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)မှ ဆိုသူ အမျိုးသားတစ်ဦး လာရောက်တွေ့ဆုံခဲ့ပြီး ကိုယ်ရေးအချက်အလက်များတောင်းခံခဲ့သည်ဟု ကာယကံရှင်က ပြောကြားသည်။
04-Aug-2020
မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နေရာအတွက် ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ထားကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။