News

POST SECTION

2020-ELECTION

09-Aug-2020
လာမည့်နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မိတ္ထီလာခရိုင် အတွင်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား သော နိုင်ငံရေးပါတီရှစ်ခုမှ ကိုယ်စားလှယ် လောင်းအရေအတွက် ၇၃ ဦးခန့်ရှိ ကြောင်း သက်ဆိုင်ရာ နိုင်ငံရေးပါတီ များနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲထံမှ စုံစမ်းသိရှိရသည်။
09-Aug-2020
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်တစ်ခုလုံးရှိ မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိင်မည်ဖြစ်ကြောင်း ယင်းပါတီထုတ်ပြန်ချက်အရ သိရသည်။
09-Aug-2020
လာမည့်ရွေးကောက်ပွဲတွင် မန္တလေး တိုင်းအတွင်း၌ လွှတ်တော်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီတို့ကသာ ကိုယ်စားလှယ်လောင်း လျှောက်လွှာများတင်သွင်ထားကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ထံမှ သိရသည်။
09-Aug-2020
ရိုက်တာသတင်းထောက် ဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရခိုင်အရေးနှင့်ပတ် သက်၍ ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ခင်ဦးမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မှနေ၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
09-Aug-2020
ချောက်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (USDP) ကိုယ်စားပြုကာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် ဆောင်ရွက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကန့်ကွက်ထားသည် ဟု ချောက်မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကျော်က ပြောဆိုသည်။
09-Aug-2020
လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က သပိတ်မှောက်ကြောင်း ယင်းဗကသအဖွဲ့ချုပ်ထံမှ သိရသည်။
09-Aug-2020
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ၎င်းက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
06-Aug-2020
လာမည့် နိုင်ဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းမှမဲပေးမည့်သူ ၄၁ သိန်း (၄,၁၆၀,ဝ၀ဝကျော်)ကျော်ရှိပြီး တပ်မတော်သားများမဲပေးရန် တပ်တွင်းမဲရုံ သီးခြားမထားတော့ဟု မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ပြောဆိုသည်။
06-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့်သူများစာရင်းကို သြဂုတ်လ ၇ ရက် (ယနေ့) နောက်ဆုံးထားကာ ကပ်ထားမည်ဖြစ်ပြီး အချိန်နည်းသည်ဟု ဝေဖန်မှုများရှိသည်။
06-Aug-2020
လာမည့်အထွေထွေရွေးကောက်ပွဲ၌ ဦးသိန်းစိန်အစိုးရလက်ထက်က မန္တလေးတိုင်းအစိုးရအဖွဲ့၌ တိုင်းအဆင့်ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအချို့ ထပ်မံယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီထံမှ သိရသည်။
06-Aug-2020
မန္တလေးတိုင်းတွင် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။
06-Aug-2020
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အခွင့်အရေးကို အလေးထားဆောင်ရွက်မည့် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို မဲပေးရန် မဲဆန္ဒရှင်များကို နှိုးဆော်သည့် ဆိုရှယ်မီဒီယာကမ်ပိန်းကို NCRWG အဖွဲ့က စတင်မိတ်ဆက်လိုက်သည်။
06-Aug-2020
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ရန် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
05-Aug-2020
လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် မွန်ပြည်နယ်နှင့်ပဲခူးတိုင်းမှကိုယ်စားလှယ်လောင်းသုံးဦးကို ပြောင်းလဲရွေးချယ်ခဲ့သည်ဟု NLD ပါတီထံမှသိရသည်။