News

POST SECTION

2020-ELECTION

02-Sep-2020
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ဖွဲ့ထားခြင်းမရှိကြောင်း သြဂုတ်လ ၃၁ ရက်နေ့စွဲဖြင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)က ထုတ်ပြန်ထားသည်။
01-Sep-2020
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ ထိန်းချုပ်နယ်များတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်ပြုနိုင်ကြောင်း RCSS လက်နက်ကိုင်အဖွဲ့က ကြေညာသည်။
31-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို သြဂုတ်လ ၃၀ ရက်နေ့မှ စတင်ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံမှ သိရသည်။
30-Aug-2020
စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ငြိမ်းချမ်းရေးရရန်က အဓိကဖြစ်နေကြောင်း ဒီမိုကရေစီပါတီသစ် (ကချင်) ဗဟိုကော်မတီဝင် ဦးခင်မောင်ကျော်က ပြောကြားသည်။
27-Aug-2020
လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများအနေနှင့် မပျက်မကွက်ဆန္ဒမဲပေးကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုက်တွန်းပြောကြားသည်။
26-Aug-2020
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလအဖြစ်လည်းကောင်း အခြားပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ဝင်ရောက်လျှောက်ထားသည့် ပါတီဝင်များကို ပါတီမှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သတင်းထုတ်ပြန်ခဲ့သည်။
26-Aug-2020
ငြိမ်းချမ်းရေးကိစ္စတွင် အတိတ်ကိုသင်ခန်းစာယူပြီး နှလုံးသားဖြင့်ဆောင်ရွက်ပါမှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဝါရှောင်ဆရာတော်က ဦးဝိဇယက မိန့်ကြားသည်။
26-Aug-2020
“ပါတီတွေအားလုံး စည်းလုံးမှုအင်အားနဲ့ ဖွဲ့စည်းနိုင်တဲ့ အစိုးရဆိုရင်တော့ အောင်မြင်မှုရှိမှာပေါ့”
25-Aug-2020
“တစ်ခါတစ်ရံကျရင် မြေလွတ်မြေရိုင်းအဖြစ်နဲ့ သိမ်းဆည်းခံရတာတွေရှိတယ်။ တကယ်တမ်းကျတော့ ဒေသခံတွေက လုပ်ကိုင်စားသောက်နေကြတာ”
25-Aug-2020
လာမည့်ရွေးကောက်ပွဲ၌ မန္တလေးတိုင်းဒေသကြီးအတွင်း မသန်စွမ်းမဲဆန္ဒရှင် အရေအတွက် ၉,ဝ၀ဝ ကျော်ရှိကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ပထမအကြိမ်ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
25-Aug-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် Covid-19 ကပ်ရောဂါ ကာကွယ်နိုင်ရေးအတွက် ဆန္ဒမဲပေးမည့်သူ ဦးရေ တစ်ထောင်လျှင် အဆိုင်းတစ်ဆိုင်းဖြင့် မဲပေးနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
24-Aug-2020
မန္တလေးမြို့မှ တောင်သူအရေးလှုပ်ရှားဆောင်ရွက်သူသုံးဦး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
24-Aug-2020
"အစိုးရအဖွဲ့တို့၊ ဆုံးဖြတ်ချက်ချနိုင်တဲ့အဖွဲ့တို့နေရာတွေမှာ ပါဝင်နိုင်တယ်ဆိုလို့ရှိရင် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ တိုင်းရင်းသားတွေရဲ့ အမြင်ကလည်း ပိုပြီးတိုးတက်လာတဲ့အမြင်တွေ ရှိနိုင်တာပေါ့"
24-Aug-2020
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုခန်းမ -၂ ၌ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးကျင်းပခဲ့ပြီးဖြစ်ရာ အဆိုပါညီလာခံသည် လာမည့်ရွေးကောက်ပွဲတွင် အကျိုးသက်ရောက်မှုရှိနိုင်မည့် အလားအလာနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခဲ့သူတို့၏ သဘောထားအမြင်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။