News

POST SECTION

2020-ELECTION

15-Sep-2020
ရခိုင်ပြည်နယ်၌ ကူးစက်မှုမြင့်မားလာနေသော ကိုဗစ်-၁၉ရောဂါနှင့် စစ်ရေးအရှိန်မြင့်တက် နေဆဲ နှစ်ဖက်တိုက်ပွဲကြောင့် ရခိုင်ဒေသတွင် ရွေးကောက်ပွဲလုပ်ဖြစ်မည်လားဆိုသည်ကို မည်သူမှ တပ်အပ်မပြောနိုင်ပေ။ ဒေသမတည်ငြိမ်၍ ရခိုင်ပြည်နယ်၌ မဲစာရင်းမကပ်ရသည့်နေရာများစွာ ရှိနေပါသေး သည်။ အချိန်က ၂လ ကျော်ရှိနေသေး၍ ကိုဗစ်ရောဂါ ကိုထိန်းချုပ်နိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေးမဆွေး နွေးနိုင်သရွေ့ ရခိုင်မြောက်ပိုင်း၌ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။
15-Sep-2020
ပြည်သူ့ပါတီအနေဖြင့် မဲဆွယ်စည်းရုံးမှုများတွင် ကိုဗစ် -၁၉ ရောဂါအန္တရာယ်ကာကွယ်ပညာပေးရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို ဦးစား ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
14-Sep-2020
ပုသိမ်မြို့တွင်း၌ အုပ်စုဖွဲ့၍ ပါတီ အမှတ်အသားတံဆိပ်ပါ အင်္ကျီ၊ တီရှပ်နှင့် နဖူးစည်းများ ဝတ်ဆင်ထားပြီး ဆိုင်ကယ်၊ ကားနှင့်ဆိုက်ကားတို့တွင် စတစ်ကာနှင့် အလံများတပ်ဆင်၍ စီတန်းလှည့်လည် နေခြင်းမှာ NLD ပါတီက စီစဉ်လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ယင်းပါတီ၏ ပုသိမ် မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ပြောဆိုသည်။
13-Sep-2020
မန္တလေးတိုင်းတွင် ကိုယ်စားလှယ်လောင်းအရည်အချင်း မပြည့်သူတစ်ဦးကို ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ထပ်မံပယ်ဖျက်လိုက်ကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
13-Sep-2020
လောကမှာ စားရေး၊ ဝတ်ရေး၊ နေရေးဆိုတဲ့ အရေးသုံးပါးထက် ပိုလို့အရေးကြီး တာမရှိပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ ဒေးလီးလိုက်ဖ် တွေကို ပြန်ကြည့်ရင်လည်းအဲဒီအရေးသုံးပါးအတွက်ကိုပဲ ရုန်းကန်လှုပ်ရှားနေကြရတာဖြစ်ပါတယ်။ အဲဒီလို ရုန်းကန်လှုပ်ရှားကြတဲ့အခါ ကျီးလန့်စာစားလုပ်ကိုင် စားသောက်ကြရတဲ့အချိန်တွေရှိသလို သက်သောင့် သက်သာလုပ်ကိုင်စားသောက်ကြရတဲ့အချိန်​တွေလည်း ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် လူတိုင်းအေးအေးလူလူ နဲ့ သက်သောင့်သက်သာ လုပ်ကိုင်စားသောက် ချင်ကြမှာ အမှန်ပါပဲ။
13-Sep-2020
ပုသိမ်ကြီးမြို့နယ် ပြည်သူ့ပါတီအောင်နိုင်ရေးအလံ ဖျက်ဆီးခံရသဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်တရားရုံး၌ ဦးတိုက်တရားစွဲဆိုမည်ဖြစ်ကြောင်း မန္တလေးတိုင်းပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကျော်စိုးက ပြောကြားသည်။
12-Sep-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးပစ္စည်းများကို မဲဆန္ဒရှင်များအား ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲ အသုံးစရိတ်တွင် ထည့်သွင်းရန်မလို ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။
11-Sep-2020
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းမှ ပြည်သူ့ပါတီကိုယ်စားလှယ်များ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ခဲ့ကြသည်။
11-Sep-2020
လာမည့်ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းအတွင်းရှိ မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၄၅ ဦးအနက်မှ သုံးဦးကို အမည်စာရင်းမှဖယ်ရှားလိုက်ကြောင်း ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
10-Sep-2020
ဒီအချိန်မှာ ကိုဗစ်ကိုရင်ဆိုင်နေကြရသလို နောက်လာမယ့် နိုဝင်ဘာလကို ရောက်လာရင်လည်း ရွေးကောက်ပွဲကြီးက ကျင်းပရတော့မှာပါ။ ဒီအတွက် နိုင်ငံရေးပါတီတွေရဲ့ အပြိုင်အဆိုင်ကြိုးပမ်းနေမှုတွေကိုလည်း မြင်နေရပါရဲ့။ ဒါပေမဲ့ ကိုယ်တစ်ဦးတည်းအမြင်အရတော့ ရွေးကောက်ပွဲနဲ့ နီးကပ်ချိန်မှာ ကိုဗစ်အရှိန်မြင့်နေတာ မို့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ရောဂါကာကွယ်ရေးကိုလည်း ဂရုပြုစေချင်တာပါပဲ။
10-Sep-2020
"ပြည်နယ်တွေမှာ တိုင်းရင်းသားအရေးလုပ်ပေးနိုင်တာက ကျွန်တော်တို့ NLD က အစိုးရအဖွဲ့မှာ ပိုလုပ်ပေးနိုင်တာပေါ့"
09-Sep-2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနှင့် လတ်တလောဆောင်ရွက်နေသော ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီအောင်နိုင်ရေး စည်းရုံးရေးလှုပ်ရှားမှုများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်း ဥပဒေများနှင့်အညီ ဆောင်ရွက်မှုမရှိသည်ကိုတွေ့နေရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မန္တလေးတိုင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းက ဝေဖန်ပြောကြားသည်။
09-Sep-2020
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိခဲ့၍ အစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့မည်ဆိုပါက မန္တလေးတိုင်းအတွက် အဓိကဦးစားပေးလုပ်ဆောင်ရမည့်ကဏ္ဍတစ်ခုမှာ တရားဥပဒေစိုးမိုးရေးကဏ္ဍဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။